အပိုင်း (၇)

20 1 2
                                    

အပိုင်း (၇)

"ဘယ်လောက်ကျလဲ အစ်ကို..."

ကောင်တာပေါ် တင်ပေးလာတဲ့ မုန့်ထုတ်နဲ့ အအေးဘူးတွေကို တွက်ချက်ရင်း အိတ်ထဲ ထည့်ပေးလိုက်တယ်။

" သုံးထောင့် ငါးရာပါ အစ်ကို..."

"ဒါလေးပါ ယူဦးမယ်..."

"ဟုတ်ကဲ့... အဲ့ဒါက ခုနှစ်ရာ... လေးထောင့်နှစ်ရာပါ..."

#_#_#_#

ဒီကမ်းခြေဟာ ဟိုတယ်တွေ များပြားတဲ့ အပန်းဖြေဇုံမျိုးတော့ မဟုတ်ပေမဲ့ ရံဖန်ခါ လာရောက်တတ်တဲ့ နေ့ချင်းပြန် အပန်းဖြေခရီးသွားတွေ ရှိတယ်။

ခဏတာ ခိုနားဖို့ ယာယီတဲလေးတွေ ငှားစားတဲ့ လုပ်ငန်းငယ်လေးတွေလည်း ရှိတယ်။ နာမည်ကြီး အပန်းဖြေကမ်းခြေတွေလို စည်ကားနေခြင်း မဟုတ်ပေမဲ့ လာရောက်တတ်တဲ့ ခရီးသည်နဲ့ လိုက်ဖက်သလောက်တော့ ဘောကွင်း ငှားတဲ့သူ၊ ပုဇွန်ကင်၊ ဂုံးကင်၊ ငါးကင် စတဲ့ ပင်လယ်စာ‌လေးတွေကို အရင်းတည် ရောင်းချတဲ့ ဈေးသည်လေးတွေလည်း ရှိတယ်။

အများဆုံးကတော့ နေစ္စဒူဝ ကူးချည် သန်းချည် သွားလာနေကြတဲ့ တံငါသည်တွေနဲ့ ဒေသခံတွေပဲ။

ထိုလူတွေကြားထဲ ကျွန်တော်ဟာလည်း ဝမ်းရေးအတွက် ကုန်စုံဆိုင် ဖွင့်စားတဲ့ လူတစ်ယောက်ပါပဲ။ သို့သော်လည်း ကျွန်တော့်လို ကုန်မျိုးစုံဆိုင်က ဒီကမ်းခြေမှာ ရှားတယ်။

ဒါကြောင့် ခရီးသွား နည်းသည့်တိုင် လာသမျှ ခရီးသွားတိုင်းကတော့ လိုအပ်တာ ရှိတိုင်း ကျွန်တော့်ဆိုင်ကို ရောက်လာတတ်ကြတယ်။

ဒီလိုအခွင့်အလမ်းလေးကြောင့် စီးပွားရေး မဆိုးလှဘူးလို့ ပြောရမယ်။ ဒီလို တွေးမိတော့ ကျွန်တော် လိုချင်တဲ့ အေးချမ်းတဲ့ဘဝကို စ,တင်နေနိုင်ပြီလို့ ကျွန်တော် ခံစားရတာကြောင့် ပြုံးမိတယ်။

ထိုအချိန်မှာပဲ ပင်လယ်ထဲကို ‌နေလုံးနီနီ တိုးဝင်နေတာကို ကျွန်တော် တွေ့နေရတယ်။ ပတ်ဝန်းကျင်ဟာ နီရဲနေပြီး မှောင်စ,ပြုနေပြီမို့ ကျွန်တော်လည်း ဆိုင်သိမ်းပြီး ည‌နေစာ စားဖို့ ပြင်ဆင်ရတော့မယ်။

ဒီမန်း - Demon came From Nowhere [ Completed ]Hikayelerin yaşadığı yer. Şimdi keşfedin