အပိုင်း (၉)

19 1 3
                                    

အပိုင်း (၉)

ကျောက်ဆောင်အစွန်းနား ပြန်ရောက်လာတဲ့ ဒီမန်းရဲ့ လက်ထဲ အရောင်စုံ ရေညှိရေမှော်ပင်တွေ ပါလာတယ်။ အရောင်စုံသာ ဆိုပေမဲ့ အားလုံးက ခပ်မှိန်မှိန်အရောင်တွေပဲ။

ကင်းမွန်တစ်ကောင်ကို စားလို့ မကုန်သေးတဲ့ ကျွန်တော်နားကို ဒီမန်းဟာ ထိုရေညှိရေမှော်ပင်တွေ ကိုင်လာပြီး ရောက်လာတယ်။

ကျွန်တော်နားမလည်သလို ငေးကြည့်နေမိတော့ရေညှိပင်တစ်ပင်ကို သူကိုယ်တိုင် ကိုက်စားတယ်။ တစ်ဆက်တည်း ကျွန်တော် လက်ထဲကိုလည်း ထည့်‌လာပေးပြန်တယ်။

လက်ထဲက ရေညှိပင်တွေကို မြင်တော့ ဆိုင်မှာ စားခဲ့တဲ့ ရေညှိမုန့်ထုပ်တွေရဲ့ အရသာကို သတိရလာတယ်။ ထို့ကြောင့် ရေညှိပင်တွေကို ဒီမန်းလိုပဲ ကျွန်တော် စားကြည့်တော့ သရေစာ ရေညှိထပ် စားကောင်းတယ်။

ပင်လယ်နံ့နဲ့ လတ်ဆတ်တဲ့ စိမ်းရွှင်ရွှင်အနံ့က ‌သဘာဝ ရေညှိရဲ့ အကောင်းဆုံး အချက်ပဲ။

ကောင်းတယ်။ ကောင်းလွန်းလို့ တစ်ပင်ပြီး တစ်ပင်ကို ကျွန်တော် စားနေမိတယ်။ ထိုအချိန် အေးစက်သော လက်တစ်စုံက ကျွန်တော့် ဗိုက်သားအရေပြားပေါ် ထိတွေ့လာတယ်။

ဒီမန်းက ကျွန်တော့် ‌ဗိုက်သားကို သူ့လက်ဖဝါးကြီးနဲ့ အုပ်ကိုင်လိုက်တာပဲ။ နဖူးအကြေးခွံတွေကလည်း တလက်လက် ဖြစ်နေသေးတယ်။

ထိုအခါ ကျွန်တော် ဟက်ခနဲ ရယ်လိုက်တယ်။

"မင်းက... မင်း သားသမီးတော့ မင်း သိသားပဲ..."

တိရိစ္ဆာန်ဖြစ်တဲ့ ဒီကောင်တောင် သူ့သားသမီးကို သူသိတယ်။ လူသားတွေ ဖြစ်တဲ့ ကျွန်တော့် မိဘတွေကတော့ ကျွန်တော့်ကို ထားရစ်ခဲ့တယ်။

စကားဆုံးတော့ ကျွန်တော် ခြောက်ကပ်ကပ် ရယ်မောလိုက်သေးတယ်။ ထို့နောက် ကျွန်တော် ငြိမ်သက်သွားပြန်တော့ ပတ်ဝန်းကျင်မှာ ရေလှိုင်းသံသာ ကြားရတော့တယ်။

"ငါ... ငါ့ ကိုယ် ငါ အသေခံမလို့... မင်းကလေးကို လည်း သတ်မလို့..."

ကျွန်တော် ဒီလို ဆိုလိုက်တော့ နားလည်လား မသေချာတဲ့ ဒီကောင်က ကျွန်တော့်ကို ငြိမ်သက်စွာ ငေးကြည့်နေတယ်။

ဒီမန်း - Demon came From Nowhere [ Completed ]Tempat cerita menjadi hidup. Temukan sekarang