ဇာတ်သိမ်းပိုင်း

38 1 7
                                    

ဇာတ်သိမ်းပိုင်း

ကျွန်တော် ငိုလိုက်မိတယ်။

လူတစ်ယောက်မဟုတ်တဲ့ တိရစ္ဆာန်တစ်ကောင်ကတောင် ကျွန်တော့်ကို ထားသွားခဲ့တာပဲ။

တကယ်ဆို ကျွန်တော် ပြီးသွားချင်ခဲ့တဲ့ ဒုက္ခကနေ လွတ်မြောက်သွားခဲ့တာကို ကျွန်တော် ပျော်သင့်တယ်။

သို့သော်လည်း အဆုံးမရှိတဲ့ ဒီသဲသောင်ပြင်မှာ ကျွန်တော် ငိုနေမိတယ်။

#_#_#_#

လူတစ်ယောက်ဟာ အစားမစားပဲ ဘယ်နှစ်ရက်နေနိုင်မလဲ။

လူတစ်‌ယောက်ဟာ ရေမသောက်ပဲ ဘယ်နှစ်ရက်နေနိုင်မလဲ။

လူတစ်ယောက်ဟာ လမ်းမလျှောက်ပဲ ဘယ်နှစ်ရက် နေနိုင်မလဲ။

လူတစ်ယောက်ဟာ စကားမပြောပဲ ဘယ်နှစ်ရက်နေနိုင်မလဲ။

အထူးသဖြင့် အစိမ်းလိုက် ဗိုက်ခွဲပြီး တစ်စုံတရာကို ထုတ်ယူခံထားရုံတင်မက လူသားဆန်ခြင်းနဲ့ သိက္ခာတရားတွေကိုပါ အရိုးထဲက ဆွဲနှုတ်ခံလိုက်ရတဲ့ လူတစ်ယောက်ဟာ ဘယ်လောက်ကြာကြာ အသက်ရှင်နေနိုင်မလဲ။

အမည်မသိတဲ့ ဒီနေရာမှ အရုပ်ကြိုးပျက် လှဲလှောင်းနေခဲ့တာ နာရီပေါင်းများစွာတော့ ကြာခဲ့ပြီ ထင်တယ်။

#_#_#_#

"ဟေး ဟိုမှာ လူတစ်ယောက်..."

ဒါဟာ ကျွန်တော်နဲ့ မျိုးတူတဲ့ လူသားတစ်ယောက်ရဲ့ အော်သံပဲ။

"သေပြီလား မသိဘူး..."

ကျွန်တော် ချည့်နဲ့စွာ လှည့်ကြည့်လိုက်တော့ လူတစ်စု ပြေးလာနေကြတယ်။

လူလား။ တိရစ္ဆာန်လား ဆိုတဲ့ နယ်နိမိတ်စည်းပေါ် ‌ရပ်တန့်နေမိတဲ့ ကျွန်တော့်အတွက် အတည်တကျ ခြေချနိုင်မယ့် နယ်မြေတစ်ခုတော့ ရပြီ ထင်တယ်။

"ဟေး ဟိုမှာ လူတစ်ယောက်..." လို့ ကျွန်တော် သေချာ ကြားလိုက်ရတယ်။

တဖြည်းဖြည်းနဲ့ ဆူညံသံတွေဟာ နီးသထပ် နီးကပ်လာတယ်။

#_#_#_#

ပါးစပ်ရာဇဝင်သာ ဖြစ်ခဲ့တဲ့ ဒီမန်းဆိုတဲ့ သတ္တဝါကို ဒေသခံတွေ မြင်ဝါးထင်ထင် တွေ့ခဲ့ကြတာ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်ကပဲ။

ဒီမန်း - Demon came From Nowhere [ Completed ]Donde viven las historias. Descúbrelo ahora