အပိုင်း (၁၁)

20 1 4
                                    

အပိုင်း (၁၁)

ဝဲလာတဲ့ မျက်ရည်တွေကို ကျွန်တော် ခပ်မြန်မြန်ပဲ သုတ်ပစ်လိုက်တယ်။

ဒီရေချိုးခန်းထဲ ကျွန်တော် စကားမပြောတဲ့အခါတိုင်း သိသိသာသာ တိတ်ဆိတ်သွားတယ်။

ကျွန်တော့်ဘေး ထိုင်နေတဲ့ ဒီကောင်က စကားမှ ပြန်မပြောတတ်ပဲလေ။ ဒါကြောင့် ကျွန်တော့်ကို ‌ငေးကြည့်ရုံသာ ကြည့်နေတဲ့ ဒီကောင့်ကို ပြန်ကြည့်ပြီး ထပ်မေးလိုက်တယ်။

"မင်း ငါ့ဆီ ပြန်ပြန်လာနေတာ... ဒီကလေးကြောင့်ပဲမလား..."

ဒီကောင် ငြိမ်သက်နေပြန်တယ်။

"မင်းက လိမ္မာလိုက်တာ..."

ကျွန်တော် ဆက်ပြောတယ်။

"ငါ့အဖေဆို... ငါ့အမေနဲ့ ငါ့ကို ထားခဲ့တာ..."

ကျွန်တော် ပြန်မတွေးချင်ခဲ့တဲ့ အတိတ်တွေကို စိတ်လိုလက်ရ ပြန်ပြောနေမိတာပဲ။

"အမေက အဖေ့ကို စိတ်ဆိုးပြီး ငါ့ကို ဖျက်ချချင်ခဲ့တာတဲ့... ငါ သိတာတော့ မဟုတ်ဘူးပေါ့ကွာ..."

"သူများတွေ ပြန်ပြောပြတာပဲ..."

"ဒါပေမဲ့ အဲ့ဒီစကားကြားတိုင်း... အမေ့ကို ငါ စိတ်ဆိုးတယ်..."

ဒီစကားဆုံးတော့ ကျွန်တော် ခပ်ပါးပါးလေး လှောင်ရယ်လိုက်တယ်။ အခုတော့ ကျွန်တော့်အမေလိုပဲ ကျွန်တော်လည်း...။

"ငါလည်း ဒီဗိုက်ထဲက မင်းကလေးကို သေစေချင်ခဲ့တာပဲ..."

"ဒါပေမဲ့ အမေက ငါ့ကို မွေးခဲ့တယ်..."

"ငါလည်း ဒီဗိုက်ထဲက မင်း ကလေးကို မွေးရတော့မယ် ထင်တယ်..."

ထိုအခါ ဒီမန်းရဲ့ နဖူးအကြေးခွံတွေက တလက်လက် တောက်လာတယ်။

"ပြီးတော့ ငါ့အမေက ငါ့ကို မွေးပြီးတော့ သေသွားတယ်..."

"ငါလည်း... ငါလည်း... သေသွားမယ် ထင်တယ်..."

"အာ..."

ကြားလိုက်ရတဲ့ တုံ့ပြန်သံကြောင့် ကျွန်တော် ပြုံးလိုက်မိတယ်။

ဒီကောင့်ရဲ့ ကြားရခဲတဲ့ ‌Rocker လို အမြင့်သံက ကျွန်တော့်ကို "မသေပါဘူး" လို့ တိုက်တိုက်ဆိုင်ဆိုင် နှစ်သိမ့်‌ပေးနေသလိုမျိုးပဲ။

ဒီမန်း - Demon came From Nowhere [ Completed ]Onde histórias criam vida. Descubra agora