အပိုင်း (၈)

22 1 1
                                    

အပိုင်း (၈)

ကျွန်တော် ဘာကို မြင်လိုက်ရတာလဲ။

အံ့ဩစွာနဲ့ ကိုယ့်ဗိုက်သားကိုယ် ထပ်ခါ ထပ်ခါ စမ်းကြည့်မိတယ်။ သို့သော်လည်း ဘာမှတော့ မတွေ့။

ကျန်းမာရေး မကောင်းတာကြောင့် ကျွန်တော့် အာရုံကြောတွေက ယုန်ထင် ကြောင်ထင် ဖြစ်ကုန်ပြီ ထင်တယ်။

ဒီထပ် ပိုပြီး မဖြစ်တော့။ မနက်ဖြန်တော့ ဆိုင်ပိတ်ပြီး ကမ်းခြေနဲ့ အနည်းငယ် လှမ်းတဲ့ ဆေးခန်းမှာ သေချာသွားစစ်ဆေးရမယ်။

#_#_#_#

"တောက်..."

ညည့်သန်းခေါင်မှာ အိပ်မရအောင် ခန္ဓာကိုယ်က ယားယံလာပြန်တယ်။ ခန္ဓာကိုယ် အနှံ့ ယားယံနေရတဲ့ ကျွန်တော်က မြွေတစ်ကောင်လို တွန့်လိမ်နေရတယ်။

ဗိုက်သားတွေဟာလည်း သိသိသာသာ ယားယံလာတာကြောင့် ကျွန်တော် အင်္ကျီပါ ဆွဲချွတ်ပြီး ထ,ထိုင်ကာ အားရပါးရ ကုတ်ခြစ်နေမိတယ်။

ထိုအချိန်မှာ ကျွန်တော့်ဗိုက်သားဟာ သိသိသာသာ ထိုးထွက်လာပြန်တယ်။ ဒီတစ်ခါတော့ သေချာပေါက်ကို ကျွန်တော့်လက်နဲ့ ထိတွေ့ခံစားလိုက်ရတာပဲ။

ထို့ကြောင့် ကျွန်တော် မီးအမြန်ဖွင့်ပြီး မှန်ရှေ့မှာ သေချာကြည့်မိတယ်။ ကျွန်တော့် ဗိုက်က အနည်းငယ် စူထွက်နေတယ်။

ကျွန်တော် ရူးချင်လာတယ်။ ကျွန်တော့်ခန္ဓာကိုယ်က ဘာတွေ ဖြစ်နေတာလဲ။

ပေါက်ကရလို့ ပြောရင်တောင် ကျွန်တော် တွေးမိတာ တစ်ခုပဲ ရှိတယ်။ ဟိုတိရိစ္ဆာန်ကောင်က ကျွန်တော့်ကို အတင်းအဓမ္မ လိင်ဆက်ဆံခဲ့တယ်။

ဒီအတွေးနဲ့အတူ ဒူးမခိုင်တော့တဲ့ ကျွန်တော်ဟာ ခွေခနဲ လဲကျသွားတော့တယ်။ မျိုးမတူတဲ့ သတ္တဝါနှစ်ကောင်က မျိုးတော့ မအောင်လောက်ဘူး ထင်တယ်။

နောက်ပြီး ကျွန်တော်မှ မိန်းမတစ်ယောက် မဟုတ်တာပဲ။ သားအိမ်မရှိပဲ ဘယ်လိုများ သန္ဓေတည်နိုင်မှာလဲ။

ဟုတ်တယ်။ အဓိပ္ပာယ်မရှိတာတွေကို ကျွန်တော် တွေးနေမိတယ်။ လက်တွေ့ကျကျ စဉ်းစားကြည့်ရရင်တော့ ကျွန်တော် ရောဂါတစ်ခုခု ဖြစ်နေတာပဲ ဖြစ်နိုင်တယ်။

ဒီမန်း - Demon came From Nowhere [ Completed ]Where stories live. Discover now