အပိုင်း (၃)
အေးစက်စိုစွတ်တဲ့ အထိအတွေ့နဲ့ ပါးပြင်တစ်လျှောက် ပွတ်ဆွဲနေတာက ချွဲကျိကျိ ပက်ကျိတစ်ကောင် တွားသွားနေခဲ့သလို။
ဒီအထိအတွေ့ကြောင့် အသက်နဲ့ ခန္ဓာ မြဲနေသေးမှန်း ခံစားမိတဲ့ ကျွန်တော်က မျက်လုံးတွေကို တဖြည်းဖြည်းချင်း ဖွင့်ကြည့်တယ်။
ရေချိုးခန်းရဲ့ အေးစက်စက် ကြမ်းပြင်ပေါ် ပက်လက်လန် လဲကျနေခဲ့တဲ့ ကျွန်တော့်အပေါ် သတ္တဝါဆိုးက နီးကပ်စွာ အုပ်မိုးထားတယ်။
ပက်ကျိတစ်ကောင်လို ပါးပြင်ပေါ် တွားသွားနေခဲ့တဲ့အရာက ဒီသတ္တဝါဆိုးရဲ့ လျှာ။
ရွံ့စရာကောင်းလွန်းလို့ ကြက်သီးမွေးသီးတွေပါ ထ,လာမိတဲ့အပြင် ကြမ်းပြင်ပေါ် ဖိကပ်ခံထားရတဲ့ ခြေဖျားလက်ဖျားတွေပါ ကွေးကောက်သွားတယ်။
သို့သော်လည်း ရုန်းကန်ဖို့ ခက်ခဲတဲ့ သတ္တဝါဆိုးရဲ့ အားကြောင့် ကျွန်တော်ဟာ မျက်လုံးစုံမှိတ်ပြီး အော်ကလီဆန်စွာ ခံစားနေရရုံပဲ။
လူတွေဟာ မိမိ သေမယ့်နည်းလမ်းကို ကြိုမသိနိုင်။ ထို့နည်းတူ ကျွန်တော်သည်လည်း သတ္တဝါဆိုးတစ်ကောင်ကြောင့် သေရမယ်ဆိုတာကို ကြိုမသိနိုင်ခဲ့။
#_#_#_#
သေခါနီးမှာ ဘယ်သူမှ ခေါင်းထဲ ပေါ်မလာအောင် ကျွန်တော့်ဘဝက အထီးကျန်ခဲ့တာပဲ။
မွေးသာ မွေးပြီး အလျင်စလို ထွက်သွားခဲ့တဲ့ မိဘတွေကတော့ ကျွန်တော့်ကို တမလွန်အဝင်အဝမှာ ခရီးဦး ကြိုနေလိမ့်မယ်။
ထားရစ်ခဲ့ဖူးတဲ့ ရည်းစားကတော့ အမျိုးအမည်မသိ သတ္တဝါတစ်ကောင်ရဲ့ စားသောက်ခြင်းကို ခံလိုက်ရတဲ့ ကျွန်တော့်သတင်းကြားတဲ့အခါ "သနားစရာပဲ" လို့တော့ ရေရွတ်ရင် ရွတ်မယ်။
လူတွေ နာကြည်းလို့ ပင်လယ်မှာ နေဖို့ ကြိုးစားရင် ဘဝက သေကံပါမယ်လို့ ဘယ်သူက ကြိုသိနိုင်မှာလဲ။ အခုတော့ နှလုံးသားတွေ နာကျင်လာရတဲ့ ကျွန်တော်ဟာ မျက်လုံးတွေ စုံမှိတ်ထားတဲ့ကြားက နာကျင်ခြင်းတို့ အရည်ပျော်ဆင်းလာတယ်။
စိမ်းရွှင်ရွှင်အနံ့နဲ့ သတ္တဝါဆိုးတစ်ကောင်ရဲ့ ကိုက်ဖြတ်စားသောက်ခြင်းကို ကျွန်တော် ခံရတော့မယ်။
أنت تقرأ
ဒီမန်း - Demon came From Nowhere [ Completed ]
خيال (فانتازيا)ဒီမန်းကြီးတွေ ငိုတဲ့အခါ ပင်လယ်ဟာ ငိုတယ်... ❗Violence, Rude Words, Sexual assault, Death, Self-harm, Eating disorders, Suicide စတဲ့ အကြောင်းအရာတွေ ပါဝင်လို့ အသက်မပြည့်သူများနဲ့ မကြိုက်နှစ်သက်သူများ ဖတ်ရှူရန် မသင့်တော်ပါ❗ ဇာတ်လမ်းပါအကြောင်းအရာများသည်...