အပိုင်း (၄)

22 1 6
                                    

အပိုင်း (၄)

‌လေပြင်းနဲ့အတူ ရိုက်ခတ်တဲ့ မိုးရေစက်တွေက ဘွတ်ဖိနပ်နဲ့ မိုးကာခပ်ထူထူကို ဝတ်လာခဲ့တဲ့ အစိတ်အပိုင်းတွေကို သက်သာရာပေးပေမဲ့ အဖုံးအကာ လွတ်နေတဲ့ လက်ဖမိုးတွေကိုတော့ စပ်ဖျင်းစွာ ရိုက်ခတ်တယ်။

ဒီလို ဒုက္ခတွေနဲ့ ကျွန်တော်ဟာ ပင်လယ်ရေငန်တစ်ပုံးကို ခဲရာခဲဆစ် သယ်ဆောင်ခဲ့ရတာပဲ။

အိမ်တံခါးကို ပိတ်လိုက်တာနဲ့ ဝေါခနဲ ကြားနေရတဲ့ လေအော်သံဟာ လုံးဝင်သွားတယ်။ ရေပုံးကို မ,ကာ ရေချိုးခန်းထဲ အမြန်ဝင်လိုက်တော့ နံရံထောင့်က ဒီမန်းဟာ ပျောက်နေတယ်။

"ဘယ်ရောက်သွားတာလဲ..."

ခွပ်ခနဲ ရေပုံးကို ချထားလိုက်ပြီး ဒီကောင် ထွက်ပြေးသွားပြီလားလို့ ကျွန်တော့် စတိုခန်းဘက် ပြေးကြည့်မိတယ်။

ကလုတ် ကလုတ် မြည်သံထွက်နေတဲ့ စတိုးခန်းထောင့်တစ်နေရာမှာ ဒီကောင်ဟာ တစ်စုံတစ်ရာကို မွှေနှောက်ဖျက်ဆီးနေတယ်။

ကျောပေးထားတဲ့ ဒီကောင့်ကို ဖြည်းဖြည်းချင်း ချည်းကပ်ပြီး ခပ်တိုးတိုး ခိုးကြည့်မိတော့။

ဆိုင်ဖွင့်တဲ့အခါ ရောင်းဖို့ ဝယ်ထားတဲ့ သရေစာရေညှိထုတ်တွေကို အိတ်ခွံတောင် မဖောက်ပဲ ဒီကောင်က အငမ်းမရ ဝါးစားနေတယ်။

ဂျွတ်ခနဲ နင်းမိလိုက်တဲ့ အသံတစ်ခုကြောင့် ဇတ်ခနဲ လှည့်ကြည့်လာတဲ့ ဒီကောင်က ကျွန်တော့်ကို ခုန်အုပ်လိုက်ပြန်တယ်။

"အား... မလုပ်နဲ့..."

ရွှံစရာကောင်းတဲ့ လျှာကြီးနဲ့ ထပ်မံ ပွတ်သပ်မှာကို စိုးထိတ်စွာ ဟစ်အော်လိုက်တယ်။

ထိုအခါ ဒီကောင်က မျက်ဆံကျယ်တွေနဲ့ စိုက်ကြည့်လာတယ်။ ထို့နောက် ‌အကြေးခွံဟာလည်း အရောင်လက်လာတယ်။

အုပ်မိုးထားပြန်တဲ့ ဒီကောင်ကို ဖယ်စေဖို့ ကြံရာမရတော့ အနားနားရှိတဲ့ လက်လှမ်းမီရာ မုန့်တစ်ထုတ်ကို လှမ်းယူလိုက်ရင်း အမြန်ဆုံးဖွင့်ဖောက်လိုက်တယ်။

ထို့နောက် ရေညှိပြားကို ကိုင်ပြီး ပါးစပ်နားထိုးပေးလိုက်‌တော့ မြန်ဆန်စွာ ကိုက်စားပစ်လိုက်ပုံက ကျွန်တော့်လက်တွေပါ ကိုက်စားခံရတော့မလို့ပဲ။

ဒီမန်း - Demon came From Nowhere [ Completed ]Where stories live. Discover now