အပိုင်း (၆)
"မင်း... ထွက်သွား..."
အားကောင်းတဲ့ လက်ချောင်းကြီးတွေနဲ့ နံရံကို ကိုင်ပေါက်လိမ့်မလားလို့လည်း တွေးမကြောက်တော့။
ပလပ်စတစ်ပုံးထဲက တိရိစ္ဆာန်ကောင်ကို ဓားမနဲ့ ထိုးချိန်ရင်း ဒေါသတကြီး အော်ဟစ်လိုက်တယ်။ ထိုအခါ နံရံထောင့်ဘက် ကပ်ရင်း ငြိမ်သက်နေတဲ့ ဒီကောင်က သူ့အမှားမရှိသလို ပြူးကြောင်ကြောင် ငေးနေပြန်တယ်။
သို့သော်လည်း ကျွန်တော် မသနားနိုင်တော့။ ဒီကောင်က သရေပေါ်အိပ် သရေနားစားတဲ့ အရိုင်းအစိုင်း တိရိစ္ဆာန်ကောင်ပဲ။
အသိညဏ်မရှိတဲ့ ဒီကောင်က သူမိတ်လိုက်ချင်လာတာနဲ့ ကျွန်တော့်ကို ရက်ရက်စက်စက် အတင်းအကျပ်လုပ်တယ်။
ကိုယ့်အဖြစ်ကိုယ်တောင် ရွှံရှာလာတဲ့ ကျွန်တော်က ဒေါသကလွဲပြီး ဘာမှ မမြင်နိုင်အောင် ဖုံးလွှမ်းနေတယ်။
အခုထိတောင် ဒီကောင်ထားခဲ့တဲ့ ချွဲကျိကျိအရည်တွေက ကျွန်တော် ပေါင်တံတလျှောက် စီးကပ်နေသေးတယ်။
"ထွက်သွား... ထွက်သွား... ငါ့အိမ်ထဲကနေ အခုချက်ချင်း ထွက်သွား... အရိုင်းအစိုင်း တိရစ္ဆာန်ကောင်... မင်းကို လူတွေ တွေ့ပြီး ဝိုင်းသတ်ကြလည်း အေးတာပဲ... မင်းက တကယ် မကောင်းဆိုးဝါးပဲ..."
သို့သော်လည်း တိရိစ္ဆာန်ကောင်ဟာ နံရံထောင့်မှာ ကွေးချုံ့ကာ ကပ်နေပြန်တာပဲ။ မြင်နေရဟာ ဒေါသဖြစ်စရာကောင်းလွန်းလို့ ကျွန်တော် ဓားမနဲ့ ပစ်ပေါက်လိုက်တယ်။
"ထွက်သွား..."
"အာ..." ဆိုတဲ့ အော်သံစူးစူးနဲ့အတူ သွေးစို့လာတဲ့ ကျောပြင်တစ်နေရာကိုတော့ မြင်လိုက်ရတာပဲ။ ဘယ်လောက်ကြီးကြီး ထိခိုက်သွားသလဲတော့ ကျွန်တော် မသိခဲ့။
ဒေါသတွေကြောင့် မျက်ရည်တွေဟာ မျက်လုံးရှေ့မှာ တဖြည်းဖြည်း ကာဆီးပိတ်ပင်လာပြန်တယ်။
တအိအိ ငိုကြွေးမိပြန်တဲ့ကျွန်တော်ဟာ တုတ်တုတ်မလှုပ်တဲ့ ရေချိုးခန်းထောင့်က ကောင်ကို မျက်နှာလွှဲခဲပစ် ထားရစ်ခဲ့တော့တယ်။
YOU ARE READING
ဒီမန်း - Demon came From Nowhere [ Completed ]
Fantasyဒီမန်းကြီးတွေ ငိုတဲ့အခါ ပင်လယ်ဟာ ငိုတယ်... ❗Violence, Rude Words, Sexual assault, Death, Self-harm, Eating disorders, Suicide စတဲ့ အကြောင်းအရာတွေ ပါဝင်လို့ အသက်မပြည့်သူများနဲ့ မကြိုက်နှစ်သက်သူများ ဖတ်ရှူရန် မသင့်တော်ပါ❗ ဇာတ်လမ်းပါအကြောင်းအရာများသည်...