Unicode
15 လွှာ မြင့်မားသော မန္တလေး မြို့ ရဲ့ နာမည်ကြီး hotel ကြီး၏ ရုံးခန်း အတွင်းတွင် laptop တစ်လုံးဖြင့် အလုပ်ရှုပ်နေသော လူငယ် တစ်ယောက်ရှိလေသည်။
အရပ် 6'1 လက်မရှိ ပီး မျက်ခုံးထူထူ နှာတံစင်းစင်း နှုတ်ခမ်းပါးပါးဖြင့် မျက်နှာမှာ ကျော့ရှင်းပီး မေးရိုးကလဲထင်းနေသည်။အကုန်ချုံကြည့်လိုက်ရင် မျက်နှာလွဲပစ်ချင်စရာတောင်မရှိအောင် ကြည့်ကောင်းတဲ့ အမျိုးသားတစ်ယောက်ပင်။
ကြီးမားလှသော ကျွန်းစားပွဲ ပေါ်တွင်
Hotel Managing Director " Htike Bhone Shein " ဟုရေးထားသော stand လေးကနေရာယူထားသည်။ဘွဲ့ရပီးထဲက မိဘနှစ်ပါးရဲ့ hotel လုပ်ငန်းနဲ့ ခရီးသွား ကား လုပ်ငန်းအား လက်လွဲယူခဲ့တာ ၄ နှစ်ရှိပီဖြစ်သည် ။ အသက် 26 နှစ် နဲ့ ခုလို့ အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ရပ်တည်နေရသဖြင့် အနဲငယ်တော့ စိတ်ပင်းပန်းရပါသည်။ ယခုလဲ ထိုက်ဘုန်းရှိန်တစ်ယောက် နှစ်ချုပ်စရင်းတွေ စစ်ရင်း အလုပ်ရှုပ်နေလေ၏ ....
ဒေါက်ဒေါက်ဒေါက် ...
" ကိုထိုက်ကျွန်မမြကေသီပါ"
Ceo ဖြစ်နေပေမဲ့လဲ အသက်အရွယ်အရ သူ့ထက်ကြီးသော ဝန်ထမ်းများလဲရှိသဖြင့် ပေါ့ပေါ့ပါးပါး ကိုထိုက် ဟုသာ ခေါ်စေသည် ။
" ဟုတ်ကဲ့ မကေသီ ဝင်ခဲ့ပါ "
အတွေးရေးမှူး မြကေသီလဲ ခွင့်ပြုချက်ရသည်နှင့် ဝင်လာခဲ့၏ ..
" ဘာရှိလို့လဲ မကေသီ"
" ကိုထိုက် ပြသာတက်နေလို့ပါ ခု ကလောက ဆောက်လက်စ hotel မှာ အင်ဂျင်နီယာ လက်ထောက်ကို ဆောက်လုပ်ရေးသမား တစ်ယောက်က တွန်းချလိုက်လို့ ၂ ထပ်ကပြုတ်ကျပီး ခေါင်းထိသွားလို့ဆိုပီး အကြောင်းကြားလာပါတယ်"
မကေသီအပြောကြောင့် ထိုက် မျက်မှောင်ကျုံ့သွားရသည်။ နှစ်ချုပ်စရင်းတွေကြောင့်ခေါင်းရှုပ်နေရတဲ့အထဲ နောက်ထပ်ပြသာနာတစ်ခုကထပ်ပေါ်လာပြန်ပြီလေ။
" အင်း ခုအခြေအနေဘယ်လိုရှိတယ် သိရလဲ "
" မန်နေဂျာပြောတာတော့ ခေါင်းထိသွားတာဆိုတော့ သိပ်တော့မဟန်ဘူး ခုထိလဲ သတိမရသေးဘူးလို့ပြောပါတယ် တွန်းချတဲ့ အလုပ်သမားကိုလဲ စခန်းက စစ်ဆေးနေပါတယ် "
YOU ARE READING
အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL