Unicode
Bluemotion Bar & Restaurant ဆိုသည့်ဆိုင်၏
ကားပါကင်တွေ ကား၃စီးရပ်လိုက်သည်။
Chevrolet Malibu အမဲရောင်ကားပေါ်ကနေ
စိုင်းခက်လျှံဆင်းလာသည် ။ ဘေးမှာကပ်ရပ် ထားသော Toyota Vios ပေါ်မှ ဝေယံနဲ့ပိုင်သစ်၊ KIA Rio ပေါ်မှ ခန့်မှူးလွင်နှင့်လေပြေသွေး တို့
အသီးသီးဆင်းလာခဲ့ကြသည်။"စိုင်းခက် မင်းလူကြီးကို ဖုန်းဆက်လိုက်အုံး
ရောက်ပီဆိုတဲ့အကြောင်း ""ခန့်မှူးဖောက်မလာနဲ့နော် ဘာမင်းလူကြီးလဲ "
မျက်စောင်းတစ်ချက်ပေးလိုက်ပီး ထိုက်ကိုဖုန်းဆက်လိုက်သည်။
"အကို ကျွန်တော်တို့ရောက်ပီ ကားပါကင်မှာ"
" အင်း ကိုယ်လာခေါ်မယ် ခနနော်"
သိပ်မကြာလိုက် ဆိုင်ထဲမှ ထိုက်ထွက်လာသည် ကို လှမ်းမြင်လိုက်သည်။ သူ့ဆီပြုံးပီးတစ်လှမ်းချင်းလာသူ၏ ပုံစံသည် idol တစ်ယောက်ပုံစံနဲ့တောင်တူနေသည် အကျီ polo shirt အညိုရောင်နှင့်style pant အနက်ရောင်တွဲဖက်ဝတ်ထားပီး လက်စွပ်နဲ့လက်ပတ်နာရီကိုပါ ဝတ်ထားသည်က အရှိန်အဝါပို၍တောက်ပနေသည်။လက်မောင်းက အဖုအထစ် များကလဲ ဆွဲဆောင်မှုရှိလှသည်။
"ကိုထိုက်က မတွေ့တာကြလို့ထင်တယ် ပိုခန့်ပိုချောနေတာ"
"မမြှောက်ပါနဲ့ ဝေယံ ရာ မင်းတို့ကိုအဝတိုက်မှာပါ ၊ ကဲလာကြ ကိုယ်တို့ဝိုင်းက အပေါ်မှာ"
ထိုက်လဲ ရှေ့မှဦးဆောင်၍ ဆိုင်ထဲခေါ်လာလိုက် သည် ။ စိုင်းခက်က သူ့ဘေးတွင် ကပ်လျက်ပါလာသည်။ ထိုက်လမ်းလျှောက်နေရင်း စိုင်းခက် အနားကပ်ကာခပ်တိုးတိုးဆိုလိုက်၍ စိုင်းခက်
တစ်ယောက်ခေါင်းလေးကုတ် ကာ ရှက်သွားရသည်။ ပြောလိုက်တာက"ဒီနေ့ မင်းအရမ်းချစ်ဖို့ကောင်းလွန်းနေလို့
ကိုယ်အသဲယားသွားပီ တဲ့လေ " ။...ထိုက်အသဲယားလဲ ယားချင်စရာပင်ဆံပင်အုပ် အုပ်လေးက နဖူးပေါ်အတိ အောက်ကအဝါရောင် stirt လည်ဝိုင်းလေးကို ဂျင်းအပြာထဲ
ထည့်ဝတ်ထားပီး အပေါ်ကနေ လက်ရှည်ခရမ်း
ရောင်ကိုထပ်ဝတ်ထားသေးသည်။ ဖိနပ်ကလဲ converse အဝါရောင်ကိုသာဝတ်ထားသည်။
ရှမ်း-တရုတ် ကပြားပီသစွာ ဖွေးအူ့နေသော အသားနှင့်ဝတ်ထားသည်က တကယ်ကိုချစ်စရာအတိ ။
YOU ARE READING
အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL