Unicode
မန္တလေး မြို့ 62 လမ်းပေါ်တွင် Range Rover ကားအဖြူလေးက တရွေ့ရွေ့ဖြင့် 54လမ်း30x31
သို့ဦးတည်လျက် ... မနေ့ညက အိမ်သို့မနက်ခင်းလာရန် ဖေဖေမှ ဖုန်းဆက်သဖြင့် သွားနေခြင်းသာဖြစ်သည်။ မနက် ၈နာရီဖြစ်၍ ၆၂ လမ်းမကြီးကတော့ ထုံးစံအတိုင်းရှုက်ယှက်ခက်နေသည်။
ဖေဖေတို့ဆီက အပြန် စိုင်းခက်နှင့်တွေ့ဖို့ချိန်းထားတာမို့ အကုန်လုံးပီးမှ သူhotelသို့သွားရတော့မည်။တီတီတီ.... ကားဟွန်း တီးလိုက်၍ ခြံစောင့်မှတံခါးလာဖွင့်တော့ ထိုက်လဲ ခြံထဲသို့မောင်းဝင်လိုက်သည်။ ခြံကကျယ်လွန်းသဖြင့် အိမ်ထဲရောက်ရင် အနဲငယ်မျှမောင်းရသေးသည်။ ၃ ထပ်တိုက်ကိုမှ နန်းတော်ကြီးသဖွယ် ခန်းနားလွန်းကာ အိပ်ခန်းတင် ၁၀ ခန်းဖွဲ့ထားခြင်းဖြစ်သည်။
ထိုက်အိမ်ထဲရောက်တော့ ဧည့်ခန်းထဲသို့တန်းလာလိုက်သည်။ တစ်အိမ်လုံးကို ကျွန်းသားတွေနဲ့ဖွဲ့စည်းထားပီး ဧည့်ခန်းထဲတွင်လက်ရာမြှောက်လှသောကျွန်းစားပွဲကြီးနှင့်ကျွန်းသားဆင်ရုပ်ကြီး
နှစ်ရုပ်ကထည်ဝါလွန်းလှ၏ ။ ဦးထွန်းရှိန်သည် အရပ်ထောင်ထောင်မောင်းမောင်း အသက် ၅၀ ဆိုပေမဲ့လဲ ဝမနေဘဲ တောင့်တောင့်တင်းတင်းဖြင့် အသက်ကြီးတာတောင်ကြည့်ကောင်းနေစဲပင်၊ ဆိုဖာပေါ်တွင်ထိုင်လျက် စာဖတ်နေကာ ထိုက် အားမော့ကြည့်လာသည်။"ဖေဖေ သားရောက်ပါပီ"
" အေးသား လာ မင်းမေမေကတော့မီးဖိုချောင်မှာ မနက်စာပြင်နေတာထင်တယ် လာကွာတစ်ခါတည်းမနက်စာစားလိုက်ရအောင် ငါတို့သားအဖေတွေ လက်စုံမစားရတာကြာပီ"
ဖေဖေက ရှေ့မှဦးအောင်သွားကာ မေမေ့ကို လှမ်းပြောနေသည်။
"သက်ထားရေ မင်း သားတော်မောင်လာပီဟေ့"
ဒေါ်သက်သားဝတီဟာ 45 နှစ်အရွယ်အမျိုးသမီးဖြစ်လျှောက် နုပျိုနုတွေက အတော်မသတ်နိုင် မျက်ခုံးထူထူ နှုတ်ခမ်းဖူးဖူးဖြင့် တကယ်
ကျက်သရေ ရှိတဲ့ အမျိုးသမီးပင်.... ထိုက်လဲ
မေ့မေ့ကိုတူ၍ ခုလိုချောမောနေတာမဟုတ်လား။"လာမေ့သားလေး သားငယ်လေးအကြိုက်
ငါးထမင်းလေးမေမေကိုယ်တိုင်လုပ်ထားတယ် "
YOU ARE READING
အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL