Unicode
ထိုက်ဘုန်းရှိန် ရုံးခန်းထဲတွင် စရင်းစစ်နေပေမဲ့လဲ စိတ်မပါ သူ့ရဲ့ဘယ်ကဘယ်လိုစပီးဖြစ်ပေါ်လာမှန်းမသိတဲ့ ခံစားချက်ကြီးကြောင့် စိတ်ရှုပ်ထွေးနေရသည်။ စိုင်းခက်နဲ့တွေ့တာမကြာသေးပေမဲ့ ဒီကောင်လေးရဲ့အပြုအမူအပြောအဆိုတွေကြောင့် သူစိတ်လှုပ်ရှားနေမိတာကိုတော့လိမ်လို့မရပေ။
စိုင်းခက် ရဲ့ plan ပထမအဆင့်က ထိုက်နဲ့လက်ကိုင်တဲ့ပုံ၊ ပုံခုံးမှီတဲ့ပုံ တွေရိုက်ပီး သူ့fb myday မှာတင်မည်။ ဟိန်းနဲ့friဖြစ်တော့ဒီနည်းလမ်းက ဟိန်းသိဖို့ထိရောက်သည်။ ထိုက်မျက်နှာပုံတော့ မတင်ပါ ထိုက်ရဲ့ personal ရှိသေးတာကြောင့်ပင်။ ဒုတိယ အဆင့်ကတော့ ဟိန်းရောက်နေတဲ့နေရာတွေကို ထိုက်နဲ့အတူသွားပီး မတော်တဆ တွေ့သလို ဟန်ဆောင်မည် ဖြစ်သည်။ ပထမအဆင့်အတွက် မနက်ဖြန် ထိုက်နဲ့တွေ့ဖို့ချိန်းထား၏။
ထိုက် သူ့ရဲ့အဖြေမရှိတဲ့ ခံစားချက်ကြောင့် ဘယ်လိုမှအလုပ်ဆက်လုပ်လို့မရတော့ပေ..။
အချိန်ကြည့်တော့ ညနေ၄ နာရီ ထိုက်လဲဆက်မနေတော့ပဲ ရုံးဆင်းခဲ့လိုက်ကာ condo သို့
ပြန်ခဲ့လိုက်တော့သည်။ အခန်းပြန်ရောက်တော့ ရေချိုးခေါင်းလျော်ပီးတာနဲ့ အိမ်နေရင်း ပေါ့ပေါ့ပါးပါးလေးသာဝတ်ပီး ဧည့်ခန်းသို့သွားကာ tv ဖွင့်ကြည့်နေလိုက်သည်။Messager မှ တစ်ချွမ်ချွမ်နှင့် စာတိုက်ဝင်နေ
သဖြင့် ဝင်ကြည့်လိုက်တော့ .. Khat Hlan
ဆိုတဲ့ အကောင့် နာမည်နဲ့ Profile မှာ ပင်လယ်ကို မျက်နှာမူပီး ရိုက်ထားတဲ့ပုံလေး သူတို့ကလောမှာ fb acc ပေးပီးထဲက စကားမပြောဖြစ်ခဲ့ ဒီနေ့ပထမဆုံး စိုင်းခက်ဘက်က စပြောလာသည်က ..." အကို မနက်ဖြန်မမေ့နဲ့နော် နေ့လည် ၁၂ နာရီ
နော်""အကို ကျွန်တော့်ကို ဝင်ခေါ်ရမှာနော်"
"အကို မလာခင်ဖုန်းကြိုဆက်နော်"
ဟက် ထိုက်ခပ်ဟဟရီရင်း .. စာပြန်လိုက်သည်။
"အေးပါကွာ ကိုယ်မမေ့ပါဘူး ၁၂ နာရီဆိုတာနဲ့ မင်းဆီ ရောက်စေရမယ် ဟုတ်ပလား"
"ဟီးဟီး ဟုတ်ကဲ့ပါ အကိုရဲ့ ဒါဆို bye bye ကျွန်တော် ဟိုကောင်တွေနဲ့ဂိမ်းတိုက်လိုက်အုံးမယ်"
YOU ARE READING
အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL