Unicode
နံနက် နေအလင်းရောင်သည် မျက်နှာထက်ကျရောက် လာသည်။ အချိန်ကို ကြည့်တော့ ၇ ခွဲ။
စိုင်းခက် အိပ်ယာဘေးတွင်တော့ ဟိန်း ကရှိမနေတော့။ ဟိန်း အလုပ်အင်တာဗျူးရှိလို့သွားသည် ထင်၏။ ဖုန်းကိုကောက်ကိုင်ကြည့်တော့ facebook တွင် ဘာnotification မှရှိမနေချေ။ တစ်စုံတစ်ခုကိုတော့ လွမ်းဆွတ်မိသား။ထို့
နောက်အလုပ်သွားရန်ပြင်ဆင်တော့သည်။အလုပ်ရောက်တော့ စိုင်းခက် ထွေထွေထူးထူးမရှိသေး။ မနေ့က လက်ကျန်အလုပ်တို့ကလက်စသက်ပြီး အကိုနှင့် ထပ်ဆွေးနွေးဖို့သာရှိသည်။
ယနေ့တော့ ကွင်းဆင်းလေ့လာပြီး ဆွေးနွေးရ
မည်ဖြစ် သည်။ ဆောက်လုပ်မည့်ပုံစံတို့ကို အသေးစိတ်နေရာနှင့်တကွ ပေါ့။ အချိန်အားဖြင့် ၈ နာရီခွဲ။ ဒါနှင့် စိုင်းခက် မနက်စာကို food pandaမှ ရှမ်းခေါက်ဆွဲလှမ်းမှာလိုက်ကာ final design ကို အကို့ဆီ email ကနေ ပို့လိုက်ပြီးဖုန်းလှမ်းဆက်သည်။" အကို ကျွန်တော် emailကို file တွေပို့ထားပြီးပြီနော်တစ်ချက်စစ်ကြည့်ပါဦး"
" အင်း "
မပီမသထွက်ပေါ်လာသော အကို့ အသံ။ သာမာန်အချိန်များထက် ပို၍ အက်ရှသည်။ အကိုခုထိမနိုးသေးတာလား။
" ကိုယ် ပြီးရင် စစ်ကြည့်လိုက်မယ်နော် ခက်"
ထိုဝါကျကို ဆိုသော အကို့ရဲ့အသံ ယခင်ကလို
တည်ကြည်မှုတော့ရှိမနေ။ သို့သော် နက်နဲပြီး အက်ရှနေသည်။ ဒါက အကို့ရဲ့ morning voice .... ဆွဲဆောင်နိုင်လွန်းသည်။ အသံတစ်ခုက လူတစ်ယောက်ကို ငြို့ငင်နိုင်စွမ်း ရှိလွန်း
တယ်ဆိုတာ ခဗျားတို့ယုံနိုင်ပါလား။
အထူးသဖြင့် "ခက်" ဟုခေါ်လိုက်သည့် အကို့အသံ ။ စိုင်းခက်တစ်ယောက် ခေတ္တပင် ဆွံ့အသွားရသည်။မိနစ်ပိုင်းခန့် ပြန်သံမကြားသောကြောင့်
" ဟယ်လို ခက် ကြားရလား"
ထိုက် သတိပေးသံကြောင့် စိုင်းခက်တစ်ယောက်
" အာ ဟုတ်ဟုတ် အကို ဒါ ဒါဆိုရင် ပြီးရင်
စစ်ကြည့်နော်အကိုခုထိ မထသေးတာလား"" အင်းဟုတ်တယ် ကိုယ် ညက အိပ်ယာဝင်တာနောက်ကျသွားတယ်"
" အော် ဟုတ်ကဲ့ ဒါဆို ဒါပဲနော် အကို"
YOU ARE READING
အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL