အပိုင်း(၃၂)uni & zg

14.6K 383 13
                                    

မနက်ခင်းအိပ်ယာနိုးတော့ ထုံးစံအတိုင်းပင်အရက်နာကျနေသည် ။ ၂ရက်ဆက်တိုက်မူးလိုက်ရတော့ တစ်ကိုယ်လုံး ကိုက်ခဲနေတော့သည်။ စိုင်းခက် နိုးနိုးခြင်း ရေအရင်သောက်ပြီး ရေချိုးခန်းဝင်ကာရေတန်းချိုးလိုက်သည်။ ရေချိုးပြီးသည် နှင့် အဝတ်ဘီရိုရှိသူလာလျှင် ဝတ်ဖို့ဝယ်ပေးထားသော အဝတ်များထဲမှ ဂျင်းဘောင်းဘီ အတိုလေးနှင့်T shirt ပွ အဖြူလေးကိုဝတ်ကာ အခန်းအပြင်သို့ထွက်ခဲ့လိုက်သည်။ မီးဖိုချောင်မှပန်းကန်သံများ နှင့် အတူကော်ဖီရနံ့သင်းသင်းက သူ့နှာခေါင်းထဲတန်းဝင်လာကာ စိတ်ပင်ကြည်လင် သွားရသည်။ သူအရမ်းလွမ်းနေတဲ့ ရနံံ့လေးမို့လား။ စိုင်းခက် မီးဖိုချောင်သို့ ဝင်သွားသည်နှင့် တွေ့လိုက်ရသော အကို့ပုံစံကြောင့် မနက်ခင်းရဲ့ စိတ်အဆင်ဟာအေးချမ်းသွားရတော့သည်။

Polo shirt အညှိရောင်လက်တိုနဲ့ ဂျင်းဘောင်းဘီ
အရှည်ကို တွဲဝတ်ထားသူကပေါင်မုန့်မီးကင်၍
ပန်းကန်ထဲသို့သေချာယိုသုတ်ကာထည့်နေပြီး ကော်ဖီကိုလဲပြင်နေလေသည်။ တကယ်ကိုဆွဲဆောင်မှုရှိသော အမျိုးသားပင် ။ စိုင်းခက်ရွှင်ပြစွာပြုံးလျက် စားပွဲတွင် ဝင်ထိုင်ကာ

" morning အကို အကိုလုပ်ပေးတဲ့မနက်စာ
တောင်မစားရတာကြာပီ"

" အင်း ရော့ကောင်းကောင်းစား "

စိုင်းခက်နဲ့ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ကာ
ပန်းကန် နှင့် ကော်ဖီခွက်ကို ရှေ့သို့ချပေးလိုက်
ရင်း ကော်ဖီမော့သောက်ကာ ရှင်းစရာရှိတာရှင်းဖို့စကားစလိုက်သည်။

"ဒါပြီးရင် ကိုယ်ရုံးသွားတော့မှာ မင်းကိုဘယ်
လိုက်ပို့ပေးရမလဲ အိမ်လား ရုံးလား "

" ဟွန်းး အိမ်လဲမဟုတ်ဘူး ရုံးလဲမဟုတ်ဘူး
အင်းရုံးလိုက်ပို့မယ်ဆိုရင်တော့ ကျွန်တော့်ရုံး
မဟုတ်ဘူး အကို့ရုံး "

ထိုက်အံ့ဩသွားရသည်။ သူ့ကို့ရွတ်နောက်နောက် ဖြင့်အတည်ကြီးလိုပြောနေတဲ့ ကောင်လေး
ကြောင့် နားမလည်စွာဖြင့်

"ဘာကိုလဲ စိုင်းခက် "

"ခုချိန်ကစပြီး အကိုစိတ်ဆိုးမပြေမခြင်း
ကျွန်တော်ဒီအိမ်မှာပဲနေမယ် အလုပ်ကိုလဲ အကို့ရုံးမှာလိုက်လုပ်မယ် "

အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL Where stories live. Discover now