Unicode
စိုင်းခက်အခန်းထဲပြန်ရောက်တော့ မွေ့ယာပေါ်ထိုင်ချလိုက်ကာ သက်ပြင်းချမိသည်။
သူ့လက်ဖျားတွေမှာ ယခုထိအေးစက်နေဆဲ။ နှလုံးသားတစ်ခုလုံးက ဗလာဖြစ်နေသည်။ ဘာကိုမျှမတွေးချင်တော့အောင် စိတ်ရှုပ်လာရသည်။စိတ်လန်းသွားအောင်ရေအရင်ချိုးဖို့သာ စိတ်ကူးကာ အကျီဘောင်းဘီများ ချွတ်ချကာရေချိုးခန်းထဲဝင်ခဲ့လိုက်သည်။ စိုင်းခက် က gym သွားသဖြင့် ကျစ်လစ်သော ကြွက်သားများ
နှင့်ခန္ဓာကိုယ်က ကြည့်လို့ကောင်းသည်။ရေချိုးခန်းသို့ရောက်တော့ မှန်ကြည့်ကာ မျက်နှာအားရေများဖြင့်ပွတ်သတ်လိုက်သည်။ လည်ပင်းတွင် အနီအကွက်များက အထင်းသား ။
စိုင်းခက် ကျစ် တစ်ချက်စုတ်ကာ ရေပန်းဖွင့်ချပီး ကျလာသောရေတွေကို မျက်နှာမေ့ာထားပီးခံယူနေရင်း အကိုနဲ့နမ်းနေတဲ့ ပုံရိပ်များကိုပြန်မြင်ယောင်လာသည်။ မျက်နှာအား လက်ဖြင့်ပွတ် လိုက်ပီး ခေါင်းငိုက်စိုက် ချကာ သူ့ဘာသာသူအသံထွက်၍ပြောမိသည်။"စိုင်းခက်လျှံမင်းရူးနေသလား မင်းချစ်တာဟိန်းလေ မင်းသေလောက်အောင်ပြန်လိုချင်တာဟိန်းပါလို့ ကြွေးကြော်နေပီး လူတစ်ယောက်ကို စိတ်လိုလက်ရ နမ်းလိုက်တယ်ပေါ့ ။ ဘာမဟုတ် တဲ့ အရည်လေးဝင် တာနဲ့ စောက်အသိစိတ်ကင်းမဲ့ပီး ဟိန်းအပေါ် သစ္စာဖောက်တယ်ပေါ့လေ ၊ ဟိန်းအပေါ်တင်မဟုတ်ပဲ အကို့ကိုပါ ခံစားရအောင်လုပ်မိနေတာ "
"ဟာကွာ ဘာတွေလဲကွာ ငါ့စိတ်တွေဘာဖြစ်နေတာလဲအကို့ပေါ် ဘယ်လိုစိတ်တွေရှိနေတာလဲ မင်းသတိထားစမ်းစိုင်းခက်လျှံ မင်းမှာဟိန်းရှိ
တယ်"စိုင်းခက် ပေါက်ကွဲစွာအော်ဟစ်နေသည်။
သူ့ကိုယ်သူ ပြန်အသိပေးနေသော အသံများနှင့်ရေချိုးခန်းတစ်ခုမှာ ပဲ့တင်သံများထပ်နေတော့သည်။ရေပန်းအောက်တွင်နာရီဝက်လောက်ရောက်နေပီးမှ ပြန်ထွက်လာကာ ချည်ဝမ်းဆက်လက်ရှည် လေး ကောက်ဝတ်ပီး အိပ်ယာပေါ်ပစ်လှဲလိုက် တော့သည်။ ပြီးနောက် စားပွဲပေါ်တင်ထားသောဖုန်းကိုလှမ်းယူကာ ဟိန်းနဲ့သူနဲ့ ရိုက်ခဲ့တဲ့ ပုံအဟောင်းများကိုပြန်ရှာကြည့်ရင်း စိတ်ရှုပ်ထွေးလာသဖြင့် အိပ်စက်ခြင်းဆီသို့သာ ဦးတည်လိုက် တော့သည်။
YOU ARE READING
အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL