Unicode
ကျွန်းစားပွဲကြီးပေါ်တွင် ဖိုင်များစွာဖြင့်ခေါင်းပင်
မဖော်နိုင်အလုပ်ရှုပ်နေလေသည်။ ကလောကပြန်ရောက်တော့ project အသစ်စောင့်ကြိုနေကာ ထိုက်ဘုန်းရှိန် တို့အလုပ်ပင်လယ်ထဲလက်ပစ်ကူးနေရပြန်သည်။ ....ဒေါက်ဒေါက်ဒေါက် ......
" ဝင်ခဲ့လေ..."
"ငါတို့ဘာကွာ "
ဝင်လာကြသည်က အောင်သန့်၊ကျော်ဇော နှင့်
မိုးထက် ..."မင်းတို့ ဘာလာလုပ်ကြတာလဲ ငါ့ကိုဖုန်းလဲကြို
မဆက်ဘူး"အောင်သန့်က စားပွဲရှေ့မှ ဆိုဖာ တွင်ဝင်ထိုင်
လျက်..." ငါတို့ဖုန်းဆက်တော့ မင်းကိုင်လို့လား အလုပ်တွေဘဲ ဖိလုပ်နေတာ ဒီသူငယ်ချင်းတွေရှိသေးတယ်လို့တောင်မထင်တော့ဘူးလား...."
မိုးထက်ကလဲအောင်သန့်စကားကိုထောက်ခံကာဝင်ပြောလေသည်။
"ဒီနေ့မင်းတို့ bar မှာပွဲရှိတယ်ဆိုငါတို့လာတာ hotel ပိုင်ရှင်ကြီးက အကြောင်းမကြားတော့
ကိုယ့်ဘာသာကိုဘဲလာရတော့တာပေါ့""အေးပါကွာ ငါမေ့သွားလို့ပါ sorry လာကြသွားမယ် ၇ နာရီထိုးပီ ပွဲကစ နေလောက်ပီ ..."
ထိုက်လဲလုပ်လက်စအလုပ်တွေခနရပ်ကာ အချိန်မပေးတာကြာပြီဖြစ်တဲ့သူငယ်ချင်းတွေနဲ့ပျော်ရန်သာဆုံးဖြတ်လိုက်သည်။ပြီးတာနဲ့
လေးယောက်သားအပေါ်သို့တက်လာခဲ့ကြသည်။ထိုက်ဘုန်းလျှံတို့ hotel ရှိ bar သည် ၁ပတ်၁ခါ မဟုတ်ရင် ၂ပတ်တစ်ခါလောက်က ခုလိုမျိုးပွဲ
စီစဉ်ဖြစ်သည်။ dJ ငှါးပီးလုပ်တဲ့ပွဲဖြစ်တော့ ဧည့်သည်ကတော့ အတော်များသည်။ ထိုက်တို့အပေါ်ရောက်တော့ ဝိုင်းကအကုန်ပြည့်နေပီ...ကျော်ဇောက ကျစ်တချက်စုတ်လျက်
" ဘာလဲဟ hotel ပိုင်ရှင်ကို ဘော်ဒါ တော်ထားရပီးထိုင်ရမဲ့ဝိုင်းတောင်မရှိပါလားကွ မမိုက်ဘူးကွာ.."
"ခနနေကြပါအုံးကွာ ငါမေးလိုက်ပါအုံးမယ် "
ထိုက်လဲ အနားရှိ ဝန်ထမ်းကောင်မလေးကို bar မန်နေဂျာအားခေါ်ခိုင်းလိုက်သည်။ ...
မန်နေဂျာလဲ ချက်ချင်းရောက်လာကာ
YOU ARE READING
အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL