Unicode
ပြန်တွေးကြည့် ငါသိပ်ချစ်မိသွားပြီ
မြတ်နိုးရတဲ့ မင်းရဲ့အပြုံးဟာလည်း
အမြဲတမ်းတွေ့ချင်သည်
ရင်ထဲထိ ပြစ်ခွင်းဆူးနစ်သွားပြီ မင်းအကြည့်များ ဂန္တဝင်မြောက်လွန်းတဲ့ ကမ္ဘာကျော် ပန်းချီလဲ ရှုံးရပြီ .....ရင်ခုန်စွာ စွဲလမ်းမိပြီ ဘယ်လိုလုပ်မလဲ ၊
ဖြေရှင်းဖို့မင်းရဲ့ အဖြေလေးတစ်ခွန်းရင်မှာလိုပြီ
ကြာလာရင် ဆိုးသွားလိမ့်မယ် ကူညီပါအုံး ၊
နှလုံးသားလေးဟာ တဒိတ်ဒိတ်နဲ့
အချစ်တို့ရှိရာဆီ ..... လှမ်းလာဖို့စေခိုင်းတတ်ခဲ့ပြီဘဝတစ်ခုလုံး ပုံပြီးတော့ပြောမယ်
ယုံကြည်ပေးပါ ကိုယ့်အချစ်တွေ .....စိုးရိမ်မိတယ် ငြင်းပယ်မှာလား ....၊
ကိုယ်တွေးပူရတာ ကိုယ်ရူးတော့မယ် ၊
မင်းကိုချစ်တယ် ရယူခွင့်ပေးပါ ....၊
အချစ်တွေနဲ့ အတူ ကိုယ်လှမ်းခဲ့မယ် .......ကားပေါ်တွင် ပျံ့လွှင့်နေသည့် သီချင်းဟာ
ဒီဇင်ဘာခြံက ထွက်ကထဲကပင် ဒီသီချင်းကနေ အခြားတစ်ပုဒ်ခုထိမပြောင်း ဒါပဲပြန်ပီးဖွင့်ထားသည်။ ဖွင့်တာထိလဲ အကြောင်းမဟုတ် အပေါ် ၂ ပိုဒ်မှာ ထိုက်က တိုးတိုးလေးလိုက်ဆိုနေပေမဲ့
နောက်ဆုံး ၁ပိုဒ်ရောက်ရင် စိုင်းခက်ကို လှည့်
ကြည့်ရင်း အသံကို ပိုကျယ်၍ လိုက်ဆိုနေခြင်း
ကြောင့်ပင် ... စိုင်းခက်မှာ သူ့အကြည့်တွေကို ခနခန မျက်နှာလွဲနေရသည် ။ မိုးအေးအေးနဲ့ ပြင်ဦးလွင်မှာ စိုင်းခက်တစ်ယောက် ချွေးပင်စို့
ချင်နေလေပြီ ... အနေရခက်စွာ ရင်ထဲမှာလဲ တစ်မျိုးတစ်ဖုံဖြစ်လာတော့၏ ဒီအခြေအနေကရုန်းထွက်ဖို့ မြန်မြန်ပင် ကန်တော်ကြီးကို
ရောက်ချင်နေလေပြီ .....မဟုတ်ရင် သူ့ခေါင်းကြီးလဲ ကားမှန်အပြင်ဘက် ဇွတ်လှည့်ထားရ၍ အကျောပင်ညှပ်လေတော့
မည် ။ ထိုက်ကတော့ ပြုံးစိစိဖြင့်သာ မသိချင် ယောင် ဆောင်၍ ဆက်ဆိုနေတုံးပင်....***🌸🌸🌸****
ကန်တော်ကြီး အဝင်ရောက်တော့မှ စိုင်းခက် သက်ပြင်းချမိတော့၏ သီချင်းသံလဲရပ်သွားလေပြီ .... ကန်တော်ကြီးထဲဝင်ပီး ကားပါကင် တွင်ထိုးကာအသွားတုန်းက ဝင်ဝယ်ခဲ့သည့်
ပိုက်ဖျာလေးယူပြီး မြက်ခင်းပြင်တွေဘက်လာခဲ့လိုက်သည်။
YOU ARE READING
အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL