Unicode
နန်းအွန်တောင်(သို့)ဗျိုက်တောင် ဟာ ကလောမြို့ရဲ့အသွားသင့်ဆုံးနေရာပင် အရမ်းကိုလှပသောရူခင်း၊အေးမြသောလေ၊ တောင်ကုန်းထိပ်က ရေကန်လေးနှင့် တောင်နှစ်လုံးကြားက ရထားသံလမ်းလေးဟာ တကယ်ကို စိတ်ကြည်နူးဖွယ်ရာ မြင်ကွင်းလေးပါ
စိုင်းခက်တစ်ယောက် ရူခင်းတွေကို ကြည့်ပီးပြုံးနေရင်းကနေ မျက်နှာလေးညှိးသွားတာ သတိထားမိတဲ့ ထိုက်ဘုန်းရှိန်က ...
" စိုင်းခက် ဘာဖြစ်လို့လဲ အဆင်ပြေရဲ့လား "
"ကျွန်တော်တွေးမိသွားလို့ပါ ဟိန်းသာပါရင်ပိုပျော်ဖို့ကောင်းမှာဘဲလို့လေ..."
"ဒီလောက်အေးချမ်းတဲ့နေရာလေးမှာစိတ်ညစ်စရာတွေမတွေးပါနဲ့ လာဒီနားမှာရပ်လိုက် ကိုယ်ဓာတ်ပုံ ရိုက်ပေးမယ်"
" အင်းပါ ချောအောင်ရိုက်ပေးနော် အကို ... ဟီးး" အကို့ကိုလဲချောအောင်ပြန်ရိုက်ပေးမှာပါ ... "
ဒီကောင်လေးဟာလေခုနကကျ ငိုတော့မလိုနဲ့ခုကျတော့လဲရီပြန်ပီ။
" အေးပါကွာ လာလာ ရိုက်ပေးမယ်"
အပြန်အလှန်ပုံတွေရော နှစ်ယောက်တွဲselfieပုံတွေပါရိုက်လိုက်ကြသည်။
ဗျိုက်တောင်ကနေ ကလောဘူတာရုံသို့ ချီတက်
လိုက်ကြသည်။ကလောဘူတာရုံရောက်ရောက်ခြင်း စိုင်းခက်
အရင်ဆုံးသွားသည်မှာ ဘူတာရုံမှာ ဖွင့်ထားတဲ့
"ပိုင်တံခွန်"ရဲ့ "Singapore's Ice-Cream Sandwich Kalaw " ဆိုတဲ့ ဆိုင်ကိုပင် .....စိုင်းခက်က စတော်ဘယ်ရီစားပီး ထိုက်ကချောကလက်ကိုစားသည်။
ကလောဘူတာမှာ သံလမ်းကြီးနဲ့ရော ရထားစက်ခေါင်းတွဲတွေနဲ့ပါ ပုံတွေ အများကြီးရိုက်ဖြစ်ခဲ့သည်။ အချိန်အားဖြင့် ညနေစောင်းလာပီမို့ လည်ရန်ကျန်သည့်နေရာများကို မနက်ဖြန်မှသာဆက်သွားတော့မည်ဖြစ်သဖြင့် hotel သို့သာပြန်ခဲ့တော့သည်။
Hotel ကိုရောက်တော့ ကို့အခန်းကိုပြန်၍ နားလိုက်ကြသည်။ည၈နာရီလောက်မှ ညစာအတူစားရင်း ထိုက်ဘုန်းရှိန်က စကားစပြောသည်။...
YOU ARE READING
အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL