Unicode
တစ်ညလုံးရွာသွန်းခဲ့သော မိုးက မနက်ခင်းရောက် တော့ သူမဟုတ်သလိုပင်။ စိုင်းခက်နိုးလာတော့ မျက်လုံးအရင်မဖွင့်သေးပဲ ဘေးကိုအရင် စမ်းလိုက် တော့ ဘယ်သူမှရှိမနေ စိုင်းခက် အလန့်တကြားထထိုင်ကာ ဟိန်းအားရှာသည် ။ရေချိုးခန်းထဲလဲ မတွေ့ သဖြင့် အောက်ထပ်သို့ ပြေးဆင်းလာလိုက်တော့ မေမေနဲ့စကားပြောနေသော ဟိန်းကိုတွေ့လိုက်မှ စိတ်အေးတော့သည်။
" ဟဲ့ဒီကလေး ဘယ်လိုဖြစ်လို့အဲလောက်ပြေးဆင်းလာရတာလဲ ချော်လဲလို့ကျိုးပဲ့နေမှဖြင့်"
မေမေကစိတ်ပူစွာပြောသည်။ ဟိန်းက မေမေဘေးတွင် ထိုက်လျက် သူ့ကို မျက်စောင်းထိုးပီးကြည့်နေပြန်သည်။ စိုင်းခက်လဲ ဧည့်ခန်းထဲဝင် လာလိုက်ပြီး....
"သားက ဟိန်းထွက်သွားပြီထင်နေတာ "
ထိုအခါမှ ဟိန်းက သူ့အား ပြုံးပြကာ
"ငါက ဘာလို့ထွက်သွားရမှာလဲ ခုချိန်ကစပီး မင်းအနားမှာပဲနေတော့မှာ မင်းသာနှင်မထုတ်နဲ့ "
မေမေကတော့ အကဲပိုနေလိုက်တာဆိုပီးပြောကာ မျက်စောင်းလေးတစ်ချက်ပစ်လာသည်။
"ငါက နှင်ထုတ်စရာလား မင်းသာထပ်မထွက် သွားနဲ့"
"ကဲကဲ ဒီအမေရှိတာလဲ သတိထားအုန်း "
"ဟီးဟီးမေမေကလဲ " ရှက်ရှက်နဲ့ ခေါင်းကုပ်ကာ
"အာ့ဆို မင်းမေမေနဲ့စကားပြောအုံး ငါရေချိုးပီးမှ ပြန်ဆင်းခဲ့မယ် "
ဟိန်းကလဲ ပြုံးတုန့်တုန့်ဖြင့် ခေါင်းအသာငြိမ့်ပြသည်။
စိုင်းခက်အပေါ်သို့ပြန်တက်လာပီး ရေချိုးခန်းသာတန်းဝင်လိုက်သည်။ မှန်ထဲပေါ်လာသော
သူ့လည်ပင်းက အမှတ်ရာက အရောင်တော့ရော့သွားပြီလေ လည်ပင်းအားပွတ်လိုက်ရင်း ထိုညက ထိုက် နဲ့ အကြောင်းအရာများမျက်လုံးထဲ ပြန်ပေါ်လာကာ ရင်ထဲ အောင့်သက်သက်ခံစားလိုက်ရသည်။"ငါဘာတွေတွေးနေပြန်တာလဲ မင်းတော်တော်ရွံစရာကောင်းနေပါလား စိုင်းခက်လျှံ ဟိန်းဘေးနားရှိနေတာကို အကို့အကြောင်းတွေးနေတာ ဟိန်းအပေါ်လဲ သစ္စာမဲ့သလို အကို့အပေါ်မျှော်
လင့်ချက်ပေးမိပြီး နာကျင် စေတယ်လေ "
YOU ARE READING
အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL