Unicode
မနက်ခင်းရဲ့ အအေးဓာတ်လေးနဲ့အတူ စာကလေးသံတကျီကျီ နှင့် နိုးထားရတာဟာ စိတ်အစဉ်ကို လန်းဆန်းစေပါတယ် ...
စိုင်းခက်ကိုယ်လေးဟာ စောင်ပုံထဲတွင် ပုဇွန်
ထုပ်လေးသဖွယ်ကွေးလျက် တန်းမထသေးပဲဇိမ်ခံနေလိုက်သေးသည်။ အချိန်ကား ၇ နာရီထိုးပီမို့နေပူမလာခင် အပြင်သွားချင်တာမို့ ရေချိုးပီးပြင်ဆင်လိုက်လေသည်။ Hoddie ခဲပြာရောင်လေးနှင့်ဂျင်းအပွအမဲလေး တွဲဝတ်လျက် headphone လေးလည်ပင်းစွတ်လိုက်ကာ ကျောပိုးအိတ်လေးကိုင်လျက်tent အပြင်သို့ထွက်ခဲ့လိုက်သည်။ဘေးtent သို့လှမ်းကြည့်တော့ အရိပ်အယောင်ပင်မတွေ့ရတော့ပေ ။ ဝန်ထမ်းလေးများ လာပို့ထားသော မနက်စာ ကောက်ညှင်းပေါင်း၊အကြော်နှင့်ကော်ဖီပူပူလေး အား စားပီး အပြင်ထွက်ခဲ့လိုက်တော့သည်။
ပထမဦးစွာ reception မှ ငှါးခိုင်းထားသော scoppyi လေးအားယူ၍ ကလောက သွားသင့်တဲ့နေရာတွေကို list လုပ်ထားတဲ့စာရွက်လေးအား ဖတ်ကြည့်ပီးကလောနှီးဘုရားကြီးကို အရင်သွားရန် ထွက်ခဲ့လိုက်၏ ...
တောင်ပေါ်ဒေသမှာ ဆိုင်ကယ်စီးရတဲ့အရသာဟာဘာနဲ့မှလဲလို့မရနိုင်တဲ့သာယာမှု လေလေးပင်
တစ်ဖြူးဖြူးနှင့်တကယ်ကို အေးချမ်းဘာဘိ .... တစ်ခုတော့ရှိသည် ဟိန်းသာ ပါလျှင် ဒီထက်ပိုအေးချမ်းနေမှာ..စိုင်းခက်အတွေးများကို ခေါင်းရမ်းကာ ခါထုတ်ပစ်လိုက်ပီး *ခုချိန်မှာဟိန်းအကြောင်းခနမေ့ထားကြရအောင်*ဟု ကိုယ့်စိတ်ကို အသိပြန်ပေးလိုက်ကာ လိုရာသို့ ဆက်မောင်းလာသည်။
*****🌼🌼🌼******
မဟာဆုတောင်းပြည့်နှီးဘုရား ကြီးဟာ လွန်စွာ
သပ္ပါယ်စရာ ကောင်းလှသည် ကျယ်ပြန့်လှသော ရင်ပြင်တော်ကြီးနှင့် ဘုရားရိပ်က စိတ်အစုံကို အေးချမ်းစေသည်။ စိုင်းခက်လဲ ဘုရားကန်တော့ ၊ အလှူငွေထည့် ၊ ရူခင်းပတ်ကြည့်ပီး ဓာတ်ပုံရိုက်တော့သည်။ ဘုရားမှ အပြန် အချိန်ကား ၈ နာရီခွဲပီဖြစ်၍ ကလောမြို့မစျေးနှင့်နာရီစင် ကို ဆက်ခဲ့လိုက်သည်။ကလောမြို့မစျေးတန်းကြီးတွင် လက်ဆတ်သော အသီးအနှံများ၊ရှမ်းအစားအစာများကလဲစားချင်စဖွယ်၊ ခရီးသည်များ လဲ လာရောက်လည်ပတ်ကျသဖြင့် စျေးတန်းအပြည့်လူစည်နေတော့သည်။ ကလောမြို့မစျေးမှတစ်ဆင့် နာရီစင်ဆီသို့ ဆက်သွားခဲ့လေသည်။
YOU ARE READING
အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL