Unicode
ဒီနေ့ဆို စိုင်းခက် မန္တလေးပြန်ရောက်တာ၁ပတ်
အိမ်ထဲကအိမ်ပြင်မထွက်တာလဲ ၁ပတ်ပါပဲ၊ အခန်းထဲကအခန်းပြင်မထွက်ဘူးဆိုပိုမှန်လိမ့်မယ်၊ သူဘယ်မှကိုမထွက်ချင်တာပါ မန္တလေးတစ်မြို့လုံးက ဟိန်း ရဲ့အငွေ့အသက်တွေနဲ့ပြည့်နေတာမို့လား ...... ဟိုကောင်တွေနဲ့ကတော့ဖုန်းပြောဖြစ်ပါသည်။ ....ဒေါက်ဒေါက်.....
"အကိုလေး ကျွန်မ အေးပုံပါ"
အေးပုံ က သူကလောသွားနေတုန်းမေမေခေါ်ထားတဲ့ သူ့အသိရွာက ကောင်မလေး အသက်အားဖြင့် ၁၇လောက်သာရှိသေးသည်။
"ဝင်ခဲ့လေ .. လော့ချမထားဘူး"
"အကိုလေးကို ကြီးကြီးက ခေါ်ခိုင်းလိုက်လို့ပါ"
"မေမေကလဲ အောက်မဆင်းချင်ပါဘူးဆိုလုပ်ပီကွာ"
"လာပါအကိုလေးရယ် အေးပုံ အဆူခံရလိမ့်
မယ်လေးလေးကလဲ ရအောင်ခေါ်ခဲ့တဲ့"စိုင်းခက်လဲ မျက်နှာစူပုပ်ပုပ်ဖြင့် အောက်ဆင်းလာခဲ့သည်။
"စိုင်းခက်လျှံ လာထိုင်စမ်းပါအုံး "
စိုင်းခက်ဖေဖေ ဦးစိုင်းပန်က လေသံမမာမပျော့
ဖြင့်ဆိုလေသည်။ဒေါ်နန်းပန်ခမ်း ကတော့ငြိမ်ပီးသာကြည့်နေလေသည်။"ဘာလဲ ဖေဖေရာ "
"ဘာ ဘာလဲ လဲ မင်းဘယ်လိုတွေ ဖြစ်နေလဲ
ကိုယ့်ရုပ်ကိုလဲ မှန်ထဲပြန်ကြည့်အုံး ငါမွေးထားတဲ့ရုပ်နဲ့မှတူသေးရဲ့လားလို့ မင်းဘာဆက်လုပ်မှာလဲ ယောကျာ်းတစ်ယောက်တွက်အဲလောက်
ဖြစ်နေစရာလိုသလား ""ဖေကြီးရယ် သားလေးကိုအဲလိုတွေမပြောပါနဲ့ ကောင်းကောင်းမွန်မွန်ပြောပါ"
"ဘယ်သူကရော ဒီလိုဖြစ်ချင်မှာလဲ နှလုံးသားက သူ့အလိုလိုဖြစ်နေတာလေ ဖေဖေအသဲမကွဲဖူးပဲနဲ့ တစ်ဖက်သတ်တော့အဲလိုမပြောပါနဲ့"
စိုင်းခက်က နှုတ်ခမ်းလေးများဆူထောင်၍ ဂျစ်ကန်ကန်ပြောလေသည်။
"ဘာကွ မင်းက ငါ့ကို ပြန်ခံပြောနေတာလား" တော်တော် မင်းမနက်ဖြန်ကစပီး ငါ့အလုပ်ထဲကို လိုက်ခဲ့ ငါ့အလုပ်စိတ်မဝင်စားရင် မင်းတတ်ထားတဲ့ပညာကို အသုံးချ ငါဒါပဲပြောမယ်"
YOU ARE READING
အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL