-Unicode-
မှောင်ရိပ်ကျတဲ့အခန်းထောင့်ကနေ ရုတ်တရက်ပန်းအိုးတစ်လုံးကိုင်ရင်း ထွက်လာခဲ့တဲ့လူသားရဲ့ အားပြင်းတဲ့ထုချက်ကြောင့် ခေါင်းကသွေးတွေသည်ဖြာခနဲ။ ဖယောင်းတိုင်သည်အောက်ပြုတ်ကျသွားခဲ့ပြီး ထောင်းထွက်လာတဲ့ဒေါသသည် ငါ့ကိုများ..ဆိုတဲ့ အစချီခြင်း ဒေါသမျက်ဆံနီနီတွေနဲ့အတူ မြှောက်မိတဲ့လက်သည် ပါးပြင်ပေါ်ရိုက်ချက်ပြင်းလွန်းစွာ ခန္ဓာငယ်ကိုလွှင့်ထွက်သွားစေတဲ့အထိ မိစ္ဆာတစ်ကောင်ရဲ့အင်အားတွေနဲ့။
"ငါ့ကိုများ..! ဂျွန်ဂျောင်ဂုသိပ်အတင့်ရဲလွန်းနေတာပဲ သေချင်လို့လား ဟမ် !!!"
အသံသည်ထွက်မလာ..။ အသက်ရှူသံလေးတောင်ထွက်မလာတဲ့အထိ အမှောင်ထဲ ငြိမ်သက်ပြတဲ့အခါ အရှင့်ခန္ဓာကိုယ်ကနေ အလျိုလျိုထွက်လာကြတဲ့ နီညိုရောင်အငွေ့တွေသည် တစ်ခန်းလုံးလင်းထိန်သွားအောင် အလင်းထွန်းပေးလာသည်။ သွေးစက်နီရဲရဲတွေစီးကျနေတဲ့ကြားက မျက်နှာသည်ခက်ထန်လွန်းပြီး မျက်အိမ်တွေသည် ကြောက်မက်ဖွယ်ရာတွေအပြည့်ကြီးစိုးရင်း အခန်းထောင့်ကလူသားကို စူးစူးစိုက်စိုက်တွေကြည့်ပစ်နေတာ။ အနီးကပ်သွားရင်း ငုံ့ချထားတဲ့မျက်နှာကိုဆွဲမော့ပစ်လိုက်သည်။ တည့်တည့်မကြည့်လာတဲ့ ဂနာမငြိမ်မျက်ဝန်းတွေကြောင့် ဒေါသဟာပိုတိုးလို့ထွက်လာသည်။
လွမ်းခြင်းတရားတွေကို ဒီပုံစံနဲ့ နင်းချေပစ်တာ သိပ်လှသည်။ စိတ်နဲ့နှလုံးကို ဒုက္ခပေးရတာအားမရတော့တဲ့အခါ ခန္ဓာကိုထိခိုက်အောင်လုပ်ရင်းပါ သူလေးကရန်ရှာတတ်လာပြီ။ လိမ္မာဖို့မှာခဲ့တိုင်း ပိုပိုဆိုးပြနေတဲ့ မျက်နှာလေးက ဘယ်လောက်တောင် စောက်သဲယားစရာကောင်းလိုက်သလဲ။
"ငါ့ကိုကြည့် ! တည့်တည့်ကြည့်စမ်း !!"
"ဟင့်အင်း.."
အသွင်သွင်ခါလာတဲ့ခေါင်းသည်မရပ်မနားတွေ ခြေချောင်းလေးတွေကုတ်နေပြီး တင်းဆုတ်ထားတဲ့လက်ပေါ်က လက်ချောင်းလေးတွေသည် လက်ဖမိုးကိုကုတ်ဖဲ့နေခဲ့ပြီး လက်မောင်းကလည်းအခုထက်ထိ သွေးတွေနဲ့စိုရွဲနေဆဲ။ မူမမှန်နေတဲ့ ဂျွန်ဂျောင်ဂုပုံစံသည် ပိုပြီးဒေါသကိုလောင်စာတွေဖြည့်ပေးသည်။ အမြဲအော်ဟစ်ဆဲဆိုတတ်ပြီး အားမရှိတော့ရင်တောင် မာန်အပြည့်နဲ့မျက်ဝန်းတွေဖြင့် အကြည့်စူးတွေတည့်တည့်ပစ်လွှတ်တတ်တဲ့အမျိုးလေးက အချိုးတွေပြောင်းနေတဲ့အခါ စိတ်ထဲမတင်မကျတွေ။

YOU ARE READING
နာမ် / Complete /
Fanfictionသွေးမိစ္ဆာတစ်ယောက်၏စွဲလမ်းခြင်း~ I don't own this cover photo, so I crd the original owner! #Taekook