EP - 17

255 53 14
                                    

-Unicode-

ဟန်အန်းမြို့က  မိစ္ဆာတွေအကုန်လုံးကို အိမ်ရှေ့စံမင်းသားက သုတ်သင်ပြီး ကပ်ရောဂါအတွက် ဖြေရှင်းပေးနိုင်ခဲ့ကြောင်း ချီးမွမ်းသံတဖွဲဖွဲသည် ပြည်သူတွေကြားညံနေခဲ့လျက်။ ဟန်အန်းလိုနေရာကို အေးချမ်းစေလိုက်ခြင်းက ထီးနန်းအတွက် ကန့်ကွက်သူမဲ့ဖြစ်စေတဲ့အထိ အိမ်ရှေ့စံရဲ့လုပ်နိုင်စွမ်းကို အသိအမှတ်ပြုခဲ့ကြသည်။

အိမ်ရှေ့စံနန်းတော်ကိုပြန်ရောက်လာတဲ့အချိန်နဲ့ နန်းဆောင်ဆောက်အပြီးသည် ကွက်တိကျသွားခဲ့သည်။ မရဏ ဟူသောနန်းဆောင်အမည်ကိုပေး၍ ထီးနန်းအပ်မဲ့နေ့အတွက် ရက်ရွေးကြရင်း ပြင်ဆင်ကြရင်း နန်းတွင်းသည်အလုပ်တွေသိပ်ရှုပ်နေကြသည်။ လူတိုင်းရဲ့နှုတ်ခမ်းပါးတွေမှာ အပြုံးလှလှတွေဖြင့် ထိုအခိုက်အတန့်ကတကယ်လှခဲ့သည်။

ထိုသို့ဂုဏ်ယူစရာ ကိစ္စရပ်တွေနောက်ကွယ်မှာတော့ မလှမပဇာတ်လမ်းတွေက သေသေသပ်သပ်လေးတွေရှိကြစမြဲပေါ့။

အိမ်ရှေ့စံက ဟန်အန်းကပြန်ရောက်ရောက်ချင်း သွေးစက်လတ်နဲ့သမားတော်ကို မရဏနန်းဆောင်ထဲဆွဲခေါ်သွားရင်း မြေအောက်ခန်းထဲပစ်ထည့်ထားခဲ့သည်။ ဝေသနာတွေအပေါ်ကို ခံနိုင်ရည်အားမရှိတော့တဲ့အခါ ဒဏ်ရာဒဏ်ချက်ကလေးကို ပိတ်လှောင်ထားလိုက်ဖို့က အကောင်းဆုံးဖြစ်နေသည်။

လွယ်ခဲ့သလားဆို မလွယ်လွန်းခဲ့ပါဘူး..တအီအီငိုချပြီးတဲ့နောက်မှာ အသက်မဲ့သွားသလို သမားတော်ရဲ့မျက်လုံးတွေ မျက်နှာထားတွေကြား အကြီးအကျယ်ဒုက္ခရောက်ရတာ ကိုယ်သာအသိ။ ငါ့ကြောင့် ဆိုတဲ့စိတ် ! ငါမကာကွယ်နိုင်ခဲ့လို့ ဆိုတဲ့ အတွေး ! ပြန်တွေ့ရလို့ ဒါလေးကိုပြန်ရလိုက်လို့ တော်သေးတာပေါ့ဆိုတဲ့ အတ္တ ! ထပ်ဖြစ်လာခဲ့ရင် ထပ်ထွက်ပြေးရင်ဆိုတဲ့ ဥစ္စာခြောက်မှုတွေကြား ကျွန်တော်သည်လည်း ခံနိုင်ရည်တွေအစွမ်းကုန်မဲ့ခဲ့တာတွေ။

မြေအောက်ခန်းထဲ တွန်းပို့ခဲ့တဲ့အချိန် သူဟာငိုနေခဲ့သလို ကျွန်တော်ဟာလည်းအလဲလဲအပြိုအပြိုတွေ။ ဒီလူသားပတ်သက်ပြီး မာထားလို့မရတဲ့စိတ်တွေသည် ခက်သည်။ သိပ်ခက်သည်။ နားလည်လို့မရအောင် ခက်လွန်းသည်။

နာမ်Where stories live. Discover now