(Unicode)
ညီမလေးရဲ့တိုက်ခန်းကို ယွန်းဂီ ပထမဆုံးအကြိမ် ခြေချဖြစ်ခဲ့တယ်...။ အရင်ကတော့ ယွန်းဂျီဆီကို အိမ်ကပစ္စည်းပို့တိုင်း ဟိုဆော့ကနေတဆင့်ပဲ ပို့ခဲ့ကြတာလေ...။ အခန်း password ကိုတောင် ဟိုဆော့ကပဲပြောပြခဲ့တာ...။
ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြတာကြောင့် တိုက်ခန်းထဲမှာပစ္စည်းတွေက ကွဲကြေရှုပ်ပွနေဆဲပင်...။ ထိုအချင်းအရာကိုမြင်တော့ ယွန်းဂီရင်ဘက်ထဲအောင့်လာကာ နာကျင်မိတယ်...။ ညီမလေး ဘယ်လောက်တောင်မှ ခက်ခဲလိုက်မလဲ...။ လူသတ်သမားလက်ကနေ ကြိုးစားရုန်းကန်ခဲ့ရမှာလေ...။
ယွန်းဂီလည်း သူပါလာတဲ့ပစ္စည်းတွေကို အိမ်ခန်းထဲယူသွားလိုက်ပြီး နေရာအရင်ချလိုက်တယ်...။ ပြီးတော့မှ အိမ်ရှင်းဖို့လုပ်ရတော့တယ်...။ အိမ်မှုကိစ္စနဲ့မစိမ်းတဲ့သူမို့ သိပ်မကြာခင်မှာပဲ ရှင်းသူမရှိဘဲပစ်ထားခဲ့ရတဲ့ အိမ်ခန်းလေးဟာ ရှင်းလင်းသပ်ရပ်သွားတော့တယ်...။
နဖူးပေါ်က ချွေးစတချို့ကိုအသာပွတ်သုတ်လိုက်ရင်း ယွန်းဂီသက်ပြင်းချလိုက်မိတယ်...။ မိန်းကလေးဝတ်စုံတွေကို ဝတ်ထားပြီးအလုပ်လုပ်ရတာက တော်တော်လေးကသိကအောင့်နိုင်တာပဲ...။ အိမ်မှာဘယ်သူမှမရှိဘူးဆိုပြီး စိတ်လွတ်ကိုယ်လွတ်နေထိုင်ချင်ပေမယ့် ညီမလေးနေရာမှယ အတတ်နိုင်ဆုံးတူအောင် သရုပ်ဆောင်ရမှာမို့ အမှားအယွင်းမဖြစ်ချင်ပါ...။
စိတ်ထဲမှာပူအိုက်သလို ခံစားရတာကြောင့် ရေချိုးဖို့ဆုံးဖြတ်လိုက်ကာ ရေချိုးခန်းထဲသို့ ဝင်လာခဲ့လိုက်တယ်...။ အကျင့်ပါနေတဲ့အတိုင်း ရေချိုးခန်းထဲရောက်မှ အဝတ်တွေကိုချွတ်လိုက်တယ်...။ ဆံပင်အတုကိုလည်း အသာဆွဲချွတ်လိုက်ပြီး ဘေးမှာတင်ထားလိုက်တယ်...။
"ဟူး...အခုမှပဲပေါ့ပါးသွားတော့တယ်"
ယောင်္ကျားလေးတစ်ယောက်မို့ အပြင်အဆင်အတုအယောင်တွေကို ဖြုတ်လိုက်ရတဲ့အခါ ပေါ့ပါးလွတ်လပ်မှုက ဘာနဲ့မှမလဲနိုင်ပါ...။ ညီမလေးအတွက် တရားခံရှာပြီးရင်တော့ ယွန်းဂီလည်း သူ့ရဲ့ဘဝမှန်ကို ပြန်လည်ရရှိနိုင်မှာပါ...။ ဒါကြောင့် အတတ်နိုင်ဆုံးကြိုးစားဖို့လိုတယ်...။

YOU ARE READING
My Little Sister {Completed}
Fanfictionညီမလေး သိတယ်မဟုတ်လား...?? ဒီကမ္ဘာပေါ်မှာ အဖေနဲ့အမေပြီးရင်... ကိုကိုအချစ်ဆုံးက ညီမလေးပဲဆိုတာကိုပေါ့။ Yoonjin x Yoonseok ညီမလေး သိတယ်မဟုတ်လား...?? ဒီကမ္ဘာပေါ်မှာ အဖေနဲ့အမေပြီးရင်... ကိုကိုအချစ်ဆုံးက ညီမလေးပဲဆိုတာကိုပေါ့။ Written By : JaejoongHtike