Part - 17

158 23 0
                                    

(Unicode)

" သူဌေး ဒါလေးတွေလက်မှတ်ထိုးပေးပါဦးနော်...."

" ဘာ သူဌေးလဲ ကိုကိုလို့ခေါ်ဖို့ပြောထားတာကို...."

" ကုမ္ပဏီမှာလေ သူဌေးရဲ့...."

သူတို့နှစ်ယောက်သာရှိတဲ့ ရုံးခန်းထဲမှာကို အရှက်သည်းနေပြန်တဲ့ ယွန်းဂီရဲ့လက်ကို ဆော့ဂျင် လှမ်းကိုင်လိုက်တယ်တော့ Yoongi ကတွန်းဖယ်ခြင်းမပြုပဲ လက်ခံလေတယ်...။

" ဒီရုံးခန်းထဲမှာ ကိုယ်တို့နှစ်ယောက်တည်းရှိတာလေ ယွန်းဂီရဲ့...."

ကိုင်ထားတဲ့လက်လေးကို နမ်းကာ ဆော့ဂျင်ပြောလိုက်တော့ ယွန်းဂီရဲ့ပါးလေးနှစ်ဖက်က ရဲတက်လာလေတယ်....။ သိပ်ကိုရှက်တတ်တဲ့ ကောင်လေးရဲ့ပါးကို ဆော့ဂျင် စိတ်ရှိလက်ရှိညှစ်ပစ်လိုက်ချင်မိတယ်...။

" ဟုတ်ပါပြီ ကိုကိုရယ်... ဒါလေးအမြန်လက်မှတ်ထိုးပေးနော်... ကျွန်တော် အလုပ်ရှိသေးတယ်..."

" အင်း ထိုးပေးမယ်... ကိုယ့်ကိုနမ်းရင် "

ပါးတစ်ဖက်ထိုးပေးပြီး အကြပ်ကိုင်နေတဲ့ ဆော့ဂျင်ကြောင့် ယွန်းဂီရယ်ချင်မိသွားတယ်....။ အရင်က တည်ကြည်တဲ့ကိုကိုဟာ အခုကျတော့ ကလေးလေးလိုပင် ဖြစ်နေလေတယ်....။

" ကိုကိုကလည်း... တစ်ယောက်ယောက်ဝင်လာရင် ဘယ်လိုလုပ်မလဲ...."

" တစ်ယောက်ယောက်လာရင် တံခါးခေါက်မှာပေါ့ ယွန်းဂီရဲ့... ဘယ်သူက ကိုယ့်ရုံးခန်းထဲ ဒီအတိုင်းဝင်လာရဲမှာလဲ..."

အကျိုးအကြောင်း ဆီလျော်စွာပြောနေတဲ့ ကိုကိုကြောင့် ယွန်းဂီကပဲလက်လျှော့ပြီး ကိုကို့ပါးကိုနမ်းလိုက်တယ်....။

" ကဲ ရော့... နေ့လည်စာဘာစားချင်လဲ... ကိုယ်ကြိုမှာထားမလို့...."

" ကျွန်တော်က ဘာပဲဖြစ်ဖြစ်ရပါတယ်... ကိုကို ကြိုက်တာပဲစားပါ...."

" အိုကေ ဒါဆို ကိုယ်စားကောင်းတဲ့ဆိုင်လေးရှာထားလိုက်မယ်...."

" ဟုတ်...."

ဖိုင်တွဲလေးကိုယူကာ အခန်းထဲကနေ ယွန်းဂီထွက်သွားတော့မှ ဆော့ဂျင် ဖုန်းကိုထုတ်ပြီး ကုမ္ပဏီနဲ့သိပ်မဝေးတဲ့ဆိုင်တွေထဲကမှ စားကောင်းမယ့် ဆိုင်ကိုရှာလိုက်မိတယ်...။

My Little Sister {Completed}Where stories live. Discover now