(Unicode)
ခြံထဲမှာ ဆော့ဂျင်ကားရပ်လိုက်တာနဲ့ အိမ်ထဲကကောင်ငယ်လေးဟာ သုတ်သုတ်လေးပြေးထွက်လာတယ်...။ ပြီးတာနဲ့ ဆော့ဂျင်လက်ထဲက အိတ်ကိုဆွဲယူသွားခဲ့တယ်...။
"ပင်ပန်းနေပြီလားသူဌေး... ညစာလဲကျက်ပြီမို့ ဗိုက်ဆာရင်စားလို့ရပါပြီ"
အပြုံးလေးနဲ့နှုတ်ဆက်လာတဲ့သူ့ကို ဆော့ဂျင်လည်းပြန်ပြုံးပြလိုက်တယ်...။ သူ့ညီမရဲ့ကိစ္စကြောင့် ရတတ်မအေးရသည့်တိုင် မင်ယွန်းဂီဆိုတဲ့ကောင်လေးဟာ စိတ်ကိုအရှင်းဆုံးထားပြီး နေထိုင်နေတယ်ဆိုတာ သိသာပါတယ်...။
ဆော့ဂျင်ရဲ့အစီအစဉ်အရ ဒီကောင်ငယ်လေးကို ဆော့ဂျင်လက်ရှိနေတဲ့အိမ်မှာပဲ ခေါ်ထားလိုက်ပြီး ဆော့ဂျင်အလုပ်သွားတဲ့အချိန်တွေမှာ သူကတော့ လူယုံတစ်ယောက်ရဲ့အကူအညီနဲ့ လုပ်ငန်းသဘောတရားတွေကို လေ့လာနေရတယ်...။ အထက်တန်းထိသာ ကျောင်းနေခဲ့ရတဲ့ကောင်လေးဟာ ဉာဏ်ကောင်းတာကြောင့် သင်ရတာလွယ်ကူကြောင်း ပြန်ကြားရတဲ့အတွက် ဆော့ဂျင်ကျေနပ်ရတယ်...။
အအားမနေတတ်တဲ့ကောင်လေးဟာ သင်ယူတဲ့တာဝန်ပြီးရင်တော့ အိမ်သန့်ရှင်းရေးနဲ့ အချက်အပြုတ်ကို တာဝန်ယူပေးပြန်တယ်လေ...။ အရင်ကဆို ဆော့ဂျင်က အပြင်မှာသာဝယ်စားတတ်ပြီး အိမ်သန့်ရှင်းရေးကိုလည်း တစ်ပတ်တစ်ခါသာ လူခေါ်ပြီးရှင်းခိုင်းတတ်တယ်...။ ခုကျမှ သူ့အိမ်လေးဟာ ပိုပြီးနွေးထွေးလာသလိုခံစားရတာကြောင့် အနှီကောင်လေးကို ကျေးဇူးတင်မိပြန်တယ်...။
ဆော့ဂျင်ရေချိုးပြီးလို့ ထမင်းစားခန်းထဲဝင်လာတော့ ယွန်းဂီက ထမင်းဟင်းတွေကို အဆင်သင့်ပြင်ထားပြီး ဖြစ်နေလေပြီ...။ ဟင်းချက်လက်ရာကလည်း အတော်လေးအဆင်ပြေတာကြောင့် အပြင်မှာဝယ်စားနေကျဆော့ဂျင်လည်း ကြာရင်အကျင့်ပျက်လာမှာတောင် စိုးရိမ်မိတဲ့အထိ...။
"စားလို့အဆင်ပြေတယ်မလားဟင် သူဌေး...??"
"အင်း...ပြေတာပေါ့... ယွန်းဂီလဲ ထည့်စားလေ"
ယွန်းဂီက သူဌေးလို့သာခေါ်ပြောဆက်ဆံတာကြောင့် Hyung လို့ပြောင်းခေါ်ဖို့ပြောခဲ့ပေမဲ့ အကျင့်ပါသွားမှာစိုးလို့တဲ့လေ...။ ယွန်းဂျီအနေနဲ့ သူသရုပ်ဆောင်ရတဲ့အခါ Hyung လို့ယောင်ခေါ်မိရင် အလိမ်ပေါ်မှာစိုးတယ်တဲ့...။ သူ့ညီမလေးအတွက် အမြဲစဉ်းစားပေးတတ်သော ယွန်းဂီပါ...။
YOU ARE READING
My Little Sister {Completed}
Fanfictionညီမလေး သိတယ်မဟုတ်လား...?? ဒီကမ္ဘာပေါ်မှာ အဖေနဲ့အမေပြီးရင်... ကိုကိုအချစ်ဆုံးက ညီမလေးပဲဆိုတာကိုပေါ့။ Yoonjin x Yoonseok ညီမလေး သိတယ်မဟုတ်လား...?? ဒီကမ္ဘာပေါ်မှာ အဖေနဲ့အမေပြီးရင်... ကိုကိုအချစ်ဆုံးက ညီမလေးပဲဆိုတာကိုပေါ့။ Written By : JaejoongHtike