Part - 5

330 50 2
                                    

(Zawgyi)

Mr. Lee ရဲ့ကျေးဇူးကြောင့် ယွန်းဂျီတစ်ယောက် RJ ကုမ္ပဏီမှာ အလုပ်ရသွားခဲ့လေပြီ...။ Marketing manager ဖြစ်တဲ့အလျောက် ရာထူးလည်းကြီးသလို အလုပ်လည်းရှုပ်ပါတယ်...။ ဒါ့အပြင် ဒီလိုကုမ္ပဏီကြီးတစ်ခုမှာ အလုပ်လုပ်နေရတဲ့အတွက် လူတိုင်းကအပြိုင်အဆိုင်နဲ့ သူ့ထက်ငါသာအောင် ကြိုးစားနေကြရတယ်...။

အလုပ်စဝင်ဝင်ချင်းမှာတောင် အတိုက်အခံတွေကြောင့် ယွန်းဂျီအနည်းငယ်တော့ဖြုံမိတယ်...။ သူမက ဒီနေရာကိုရောက်ဖို့ Mr. Lee ကို အသုံးချခဲ့တာမှန်ပေမယ့် ဒီနေရာမှာတည်မြဲဖို့နဲ့ ဒီထက်မြင့်တဲ့ရာထူးကို တက်လှမ်းနိုင်ဖို့ကတော့ သူမကိုယ်တိုင်ကြိုးစားရမည်သာ...။ ဒါကြောင့်လည်း ခါတိုင်းထက်ပိုပြီး အလုပ်ကိုပိုကြိုးစားနေရတယ်...။ သင်ယူစရာအသစ်တွေကို အလောတကြီးသင်ယူနေရတာကြောင့် ဆော့ဂျင်နဲ့တောင် လူချင်းမဆုံဖြစ်ကြသေး...။

လုပ်လက်စအလုပ်ကို လက်စသတ်လိုက်ပြီး ဘေးဘီဝဲယာကိုကြည့်လိုက်တော့ ဝန်ထမ်းတော်တော်များများ အိမ်ပြန်ကုန်ကြလေပြီ...။ ယွန်းဂျီကသာ အလုပ်ဇောကပ်နေတာကြောင့် မသိခဲ့ခြင်းပင်...။ မသိဆို ဘယ်သူကမှလည်း သူမကို အရေးတယူလုပ်ပြီး မပြောဘူးလေ...။ မျက်နှာထားခပ်တင်းတင်းယွန်းဂျီကလည်း လုပ်ငန်းသဘောအရ မေးထူးခေါ်ပြောရုံကလွဲပြီး ဘယ်သူနဲ့မှခင်မင်အောင်မပေါင်းခဲ့ပါ...။

သိမ်းဆည်းစရာရှိတာတွေကို သိမ်းဆည်းပြီးနောက် ယွန်းဂျီလည်း ရုံးဆင်းဖို့အတွက် ခပ်ကျော့ကျော့လေးပဲ ဓာတ်လှေကားရှိရာကိုလျှောက်လာလိုက်တယ် ...။ ဓာတ်လှေကားစောင့်ရင်းနဲ့ ဖုန်း ကိုဖွင့်စစ်လိုက်တော့ Mr. Lee ပို့ထားတဲ့ message တွေ တက်လာတယ်...။ ညစာအတူသွားစားကြဖို့ ဖိတ်ခေါ်ထားတာပဲ...။

တကယ်တော့ ဒီရက်ပိုင်းမှာ အလုပ်အရမ်းကြိုးစားနေ ရတာကြောင့် ယွန်းဂျီတအားပင်ပန်းနေလေပြီ...။ Mr. Lee ရဲ့ရှေ့မှာ ဟန်ဆောင်ပန်ဆောင်တွေ ပြုံးပြမနေချင်ပါ...။ ဒါပေမဲ့လည်း ဒီလူကြီးကိုကန်ထုတ်ပစ်ဖို့က သူမရဲ့လျှို့ဝှက်ချက်တွေကိုသိနေသူမို့ လုပ်ချင်သလိုလုပ်လို့မရပေ...။

ဘာပြန်ရေးရရင်ကောင်းမလဲလို့ စဉ်းစားနေတုန်းမှာပင် ဓာတ်လှေကားက တီခနဲပွင့်သွားတာကြောင့် ယွန်းဂျီလည်း အထဲသို့ဝင်ခဲ့လိုက်တယ်...။ ဓာတ်လှေကားထဲမှာ လူတစ်ယောက်ရောက်နှင့်ပြီးသားဖြစ်ပေမယ့် ဂရုမစိုက်တတ်တဲ့ ယွန်းဂျီကတော့ လှည့်တောင်မကြည့်ပေ...။ သို့ပေမယ့် သူ့ဆီကနေရတဲ့ အကောင်း စားရေမွှေးနံ့ကြောင့် မနေနိုင်ဘဲမော့ကြည့်မိတော့မှ ရင်ထဲထိတ်ခနဲပင်ဖြစ်သွားရတယ်...။

My Little Sister {Completed}Where stories live. Discover now