Part - 20

151 26 0
                                    

(Unicode)

ဒီနေ့ အလုပ်လာရတာ စိတ်မပါပဲ အားပြတ်နေမိတယ်...။ အရင်လို အလုပ်လာရင် မြင်‌နေရတဲ့ မျက်နှာလေးကိုမမြင်‌ရတော့ဘူးဆိုတဲ့စိတ်နဲ့တင် ဆော့ဂျင် အားမရှိတော့သလို ခံစားရ‌လေ
တယ်....။

" Morning ပါ CEO...."

တံခါးခေါက်သံနဲ့အတူဝင်လာတဲ့ ယွန်းဂျီကို ဆော့ဂျင် အသက်မပါစွာ ပြုံးပြလိုက်မိတယ်...။ ဘယ်လိုပဲ ရုပ်ချင်းတူပါတယ်ဆိုသော်လည်း ယွန်းဂျီနဲ့ယွန်းဂီကို မြင်တွေ့ရတဲ့ ခံစားချက်ကတော့ တူမနေခဲ့ပေ...။

" နေကောင်းသွားပြီပေါ့ ယွန်းဂျီ...."

" ဟုတ်ကဲ့ CEO ကို ကျွန်မ အလုပ်ပြန်တက်ပြီဆိုတဲ့အကြောင်း လာအကြောင်းကြားတာပါ..."

ချစ်စဖွယ်အပြုံးနဲ့ပြောလာတဲ့ ယွန်းဂျီကို ဆော့ဂျင် ‌သေချာမကြည့်ပဲ အသိအမှတ်ပြုရုံသာခေါင်းငြိမ့်ပြလိုက်တယ်...။

" ဒီနေ့အတွက် တက်စရာအစည်းအဝေး ၂ခုရှိတယ်... ယွန်းဂီ ရေးပေးခဲ့တယ်မလား...."

" ဟုတ်ကဲ့ CEO...."

" ဒါဆို ကိုယ့်ကို အချိန်နီးရင် အသိလာပေးပါဦး...."

ဆော့ဂျင်က ထိုစကားကိုပြောပြီး ဖိုင်တွဲတွေဆွဲယူကာ လက်မှတ်ထိုးနေတာကြောင့် ယွန်းဂျီ အလိုက်တသိနှင့် ထွက်လာခဲ့လိုက်တယ်...။

ကိုယ့်ရုံးခန်းကိုယ်ပြန်ရောက်တော့ သူမ ရုံးမတက်နိုင်တဲ့အတောအတွင်းက အလုပ်တွေကိုပြန်ကြည့်လိုက်မိတယ်...။ အားလုံးကို စနစ်တကျနဲ့လုပ်ထားတာကိုမြင်တော့ အိုပါးကို မချီးကျူးပဲ‌မနေနိုင်တော့ပေ...။

အထက်တန်းပဲအောင်ပြီး ဘွဲ့တောင်မရထားတဲ့ အိုပါးဟာ ဒီအလုပ်တွေအားလုံးကို ကျွမ်းကျွမ်းကျင်ကျင်နဲ့လုပ်ထားတယ်လေ...။ တကယ်ဆိုရင် အိုပါးက သူမထပ်ပိုတော်တာကို သူမသိလေတယ်...။

ဒါပေမယ့်လည်း အမြဲလို သူမကို အလျော့ပေးတတ်တာကြောင့် သူမ အိုပါးကို အထင်မကြီးခဲ့သလို အနိုင်ယူချင်စိတ်တွေသာ ရှိနေခဲ့တယ်လေ....။

မတွေ့ရတာ တစ်ရက်တောင် မပြည့်သေးသော်လည်း ဆော့ဂျင် သတိရနေမိပြီဖြစ်တယ်...။ မနက်က သူဒယ်ဂူပြန်ပြီဆိုတဲ့အကြောင်း ယွန်းဂီ ဖုန်းလှမ်းဆက်လေတယ်...။ အိမ်ပြန်ရောက်မှ ထပ်ဆက်မယ်ဆိုတာကြောင့် ဆော့ဂျင် ဖုန်းကိုသာ မျှော်နေခဲ့မိတယ်....။

My Little Sister {Completed}Where stories live. Discover now