Part - 14

168 24 0
                                    

(Unicode)

((ခြေထောက်သက်သာရဲ့လား ကိုယ်လာကြိုပေးရမလား))

အလုပ်သွားရန်ပြင်ဆင်နေတုန်း ဝင်လာတဲ့ဆော့ဂျင်ဆီက message ကြောင့် ယွန်းဂီ ပြုံးမိသွားတယ်...။ မနေ့ကတည်းက ခြေထောက်ကသက်သာနေပြီဖြစ်ပေမယ့်လည်း ဆော့ဂျင်က စိုးရိမ်စွာဖြင့် မေးနေတုန်းပင်....။

((ဟုတ် သူဌေး... သက်သာပါတယ်... ကျွန်တော့်ဘာသာပဲလာခဲ့ပါ့မယ်))

ပိုက်ဆံအိတ်ထဲဖုန်းကိုထည့်ပြီး ဘာများကျန်နေဦးမလဲ သေချာစစ်ဆေးလိုက်မိတယ်...။ အကုန်စုံပြီဆိုတာ သေချာမှပဲ အိမ်ကထွက်လာခဲ့လိုက်တယ်....။

ယွန်းဂီ ကုမ္ပဏီရောက်တဲ့အချိန်မှာပဲ ဆော့ဂျင်ကလည်းရောက်လာခဲ့လေတယ်...။

"ကိုယ့်ကို ကော်ဖီဖျော်ပြီးလာပို့ပေးဦးနော်...."

"ဟုတ်ကဲ့ သူဌေး...."

ယွန်းဂီ သူ့ရုံးခန်းထဲဝင်ကာ ပိုက်ဆံအိတ်ကိုထားလိုက်ပြီးနောက် ဆော့ဂျင် အတွက် ကော်ဖီဖျော်ပြီးရုံးခန်းထဲသွားပို့ပေးလိုက်တယ်...။

"ကော်ဖီရပါပြီ သူဌေး..."

ကိုယ်ကိုကိုင်းပြီး ကော်ဖီခွက်ကိုချပေးလိုက်ချိန်မှာပဲ ဆော့ဂျင် ဆီက မွှေးပျံ့တဲ့ကိုယ်သင်းနံ့နဲ့ရေ‌မွှေးနံ့က နှာခေါင်းထဲကိုဝင်လာခဲ့လေတယ်...။ ဘယ်အချိန်ကစပြီးတော့ ယွန်းဂီ ဒီအနံ့လေးတွေကိုစွဲလန်းနေမိသည်မသိ...။ စက္ကန့်ပိုင်းအတွင်းမှာ ရလိုက်တဲ့မွှေးရနံ့က သူ့ရင်ကိုခုန်စေခဲ့လေတယ်...။

"ကျေးဇူးပါ ယွန်းဂီ...."

အမြဲလိုကြည့်ကောင်းပြီး တောက်ပတဲ့အပြုံးလေးကို မြင်လိုက်ရုံနဲ့တင် ယွန်းဂီ ရဲ့တစ်နေ့တာ ပြီးပြည့်စုံသွားတာအသေအချာပင်....။

"ကျွန်တော့်ကို ဘာခိုင်းစရာရှိသေးလဲ သူဌေး...."

"ဒီနေ့ အစည်းအဝေးကဘယ်အချိန်လဲ....??"

"၁၁ နာရီမှပါ သူဌေး...."

"ဒါဆို ကိုယ့်ကို အဲ့ဒီအချိန်ကျရင် သတိလာပေးနော်... အခုတော့ လုပ်လက်စအလုပ်တွေကိုပါ ဆက်လုပ်ပါ...."

"ဟုတ်ကဲ့...."

ဆော့ဂျင်ကိုခေါင်းညွှတ်အရိုအသေပေးပြီး အခန်းထဲက ထွက်သွားတဲ့ ယွန်းဂီကို ဆော့ဂျင် ငေးကြည့်နေခဲ့မိတယ်....။ ပိုးသားပျော့ပျော့ရှပ်အင်္ကျီလက်ရှည်ရယ် ဒူးအထက်စကပ်လေးရယ်နဲ့ ယွန်းဂီဟာ ဆွဲဆောင်မှုရှိရှိလှနေလေတယ်....။ အထူးသဖြင့် အတုထည့်စရာမလိုပဲ လုံးဝန်းနေတဲ့ မက်မွန်သီးလေးက စကပ်ကြပ်ကြပ်လေးနဲ့သိပ်လိုက်ဖက်တယ်လို့ ဆော့ဂျင်ထင်မိတယ်...။

My Little Sister {Completed}Onde histórias criam vida. Descubra agora