(Unicode)
ယွန်းဂျီရဲ့သတင်းကိုကြားကြားချင်းမှာပဲ ယွန်းဂီတစ်ယောက် ဆောက်တည်ရာမရ ဖြစ်သွားခဲ့တယ်...။ သူ့ညီမလေးကို ဘယ်သူကများ သတ်ပစ်ချင်တဲ့အထိ မုန်းတီးနေရတာလဲ...။
တစ်ဆက်တည်းမှာပင် စဉ်းစားမိတာက တကယ်လို့သာယွန်းဂျီအကြောင်းကို အဖေနဲ့အမေသိသွားရင် အရမ်းရှော့ရသွားမယ်ဆိုတာကိုပေါ့...။ အဖေနဲ့အမေက အရမ်းရိုးအေးလွန်းကြတဲ့သူတွေ ဖြစ်တဲ့အလျောက် ယွန်းဂျီကိုလည်း နယ်မှာပဲနေထိုင်ပြီး သူတို့နဲ့အတူတူနေစေချင်ကြသည်လေ...။ ယွန်းဂျီရဲ့အဖြစ်ဆိုးကိုသိရင် သူတို့တစ်ခုခုဖြစ်သွားမှာစိုးရတယ်...။
လောလောဆယ်မှာလည်း ယွန်းဂျီရဲ့အခြေအနေက သေချာမသိရသေးတာကြောင့် အတတ်နိုင်ဆုံးလျို့ဝှက်ထားဖို့ စဉ်းစားမိပေမဲ့ တစ်ခုခုဆိုတိုင်ပင်ဖော်တိုင်ပင်ဖက်ကတော့ လိုနေသေးတယ်...။ ထိုအခါ ယွန်းဂီစိတ်ထဲ တန်းပြီးသတိရသူက ဟိုဆော့ပင်...။
ဟိုဆော့က ယွန်းဂီနဲ့ယွန်းဂျီရဲ့ သူငယ်ချင်းဖြစ်တဲ့အပြင် ယုံကြည်စိတ်ချရတဲ့သူတစ်ယောက်ပင်...။ ဒါ့အပြင် ယွန်းဂျီရဲ့ ဆေးကုသစရိတ်တွေကို မလောက်ငှတဲ့အခါမှာ ဟိုဆော့ဆီကနေ အကူအညီရနိုင်သေးတယ်...။ အတွေးနဲ့အတူ ယွန်းဂီချက်ချင်းပင် ဟိုဆော့ဆီသို့ထွက်လာလိုက်တယ်...။
အချိန်ကား မနက်အစောကြီး၂နာရီဝန်းကျင်လောက်မို့ လူတိုင်းအိပ်နေကြပေမဲ့ ယွန်းဂီသိပ်ပြီးဂရုစိုက်မနေနိုင်ပါ...။ သူ့အတွက်က အချစ်ဆုံးညီမလေးရဲ့အရေးမို့ ကျန်တာဘာမှမတွက်နိုင်...။
"ဟိုဆော့...ဟိုဆော့...!!!"
ခြံထဲကိုက အဆင်ပြေပြေဝင်နိုင်ခဲ့ပေမဲ့ သူ့အိမ်က တခြားလူတွေနိုးမှာစိုးတာကြောင့် ဟိုဆော့အိပ်ခန်းရဲ့ပြတင်းပေါက်ဆီကို ပတ်သွားလိုက်ပြီးမှ အပြင်ကနေလှမ်းခေါ်နေရခြင်းပင်...။ ကံကောင်းတာက ဟိုဆော့ရဲ့အိမ်က တစ်ထပ်အိမ်လေးပဲဖြစ်သလို သူ့အခန်းကလည်း အလွယ်တကူပတ်သွားလို့ရတာကြောင့်ပင်...။
"ဟမ်...ဘယ်သူလဲ...??"
အိပ်ချင်မူးတူးနဲ့ဟိုဆော့ဟာ ပြတင်းပေါက်ကနေ အပြင်ကိုငုံ့ကြည့်လာတဲ့အခါ မီးရောင်ပျပျအောက်မှာ မတ်တပ်ရပ်နေတဲ့ယွန်းဂီကို တွေ့သွားတော့တယ်...။
ESTÁS LEYENDO
My Little Sister {Completed}
Fanficညီမလေး သိတယ်မဟုတ်လား...?? ဒီကမ္ဘာပေါ်မှာ အဖေနဲ့အမေပြီးရင်... ကိုကိုအချစ်ဆုံးက ညီမလေးပဲဆိုတာကိုပေါ့။ Yoonjin x Yoonseok ညီမလေး သိတယ်မဟုတ်လား...?? ဒီကမ္ဘာပေါ်မှာ အဖေနဲ့အမေပြီးရင်... ကိုကိုအချစ်ဆုံးက ညီမလေးပဲဆိုတာကိုပေါ့။ Written By : JaejoongHtike