(Unicode)
စိတ်ပူစရာကိစ္စတစ်ဝက်လျော့သွားတော့ ယွန်းဂီရဲ့မျက်နှာလေးက သိသိသာသာ ကြည်လင်နေလေတယ်....။ ပဲခေါက်ဆွဲကို အားပါးတရစားကာ ပါးလေးဖောင်းနေပုံလေးက ချစ်စရာကောင်းလွန်းလှတယ်....။
" စားလို့ကောင်းလား...."
" ဟုတ် ကောင်းတယ်...."
မျက်လုံးလေးတွေပိတ်သည်အထိ ပြုံးကာဖြေသည့် ယွန်းဂီကြောင့် ဆော့ဂျင်ပါပြုံးမိသွားလေတယ်...။ ချစ်မိပြီဆိုရင် သူ့ရဲ့မျက်နှာလေးကိုမြင်ရုံနဲ့တင် စိတ်ကြည်နူးလာရလေတယ်...။
" ထပ်မှာပေးရဦးမလား...."
" ဟင့်အင်း တော်ပါပြီ ကိုကိုရဲ့...."
နောက်ဆုံးအလုတ်ကိုလက်စသတ်လိုက်တဲ့ ယွန်းဂီရဲ့နှုတ်ခမ်းထက်က ပဲအနှစ်တွေကို ဆော့ဂျင် တစ်ရှူးနဲ့သုတ်ပေးလိုက်တော့ ယွန်းဂီက ငြိမ်ငြိမ်လေးခံနေလေတယ်....။
" ဒါဆို ကိုကိုတို့သွားကြတော့မလား...."
" ဟုတ်ကဲ့ ကိုကို...."
နေ့လည်စာကို ယွန်းဂီက ပဲခေါက်ဆွဲစားချင်တယ်ဆိုတာကြောင့် ဆော့ဂျင်က လိုက်ကျွေးခြင်းဖြစ်တယ်....။ သူတို့နှစ်ယောက် ကုမ္ပဏီထဲကိုဝင်လာတော့ မိန်းကလေးအများစုက ယွန်းဂီကို အားကျစွာဝိုင်းကြည့်ကြလေတယ်...။
အခုဆိုရင် သူတို့နှစ်ယောက် တွဲနေကြတယ်ဆိုတာကို ဝန်ထမ်းအားလုံး ရိပ်မိနေကြပြီဖြစ်လေတယ်...။ ပေါ်ပေါ်ထင်ထင်သွားလာနေကြတာမျိုးမဟုတ်သော်ငြားလည်း သူတို့ရဲ့အပြုအမူတွေ ဆော့ဂျင်ရဲ့ ယွန်းဂီအပေါ်အရေးပေးမှုတွေကိုကြည့်ရုံနဲ့တင် သတိထားမိနေကြပြီဖြစ်တယ်....။
တချို့က လိုက်ဖက်ညီတယ်လို့ ချီးကျူးကြသလို မနာလိုစွာနဲ့အတင်းပြောကြသူတွေလည်းရှိလေတယ်....။ ယွန်းဂီကတော့ ထိုစကားတွေကိုအရေးမစိုက်သလို ဂရုလည်းမစိုက်ပေ....။
" ဒီတစ်ပတ် ပိတ်ရက်ကျရင် ကိုကိုတို့ အပြင်မှာ ဒိတ်ကြရအောင်... တစ်ခါမှ သေချာမဒိတ်ဖူးသေးဘူးလေ...."
" ဟုတ် ကိုကို့သဘောပါ...."
လိမ္မာပြီး ချစ်စရာကောင်းတဲ့ ယွန်းဂီကြောင့် ဆော့ဂျင် အမြဲလိုစိတ်ချမ်းသာရလေတယ်...။

YOU ARE READING
My Little Sister {Completed}
Fanfictionညီမလေး သိတယ်မဟုတ်လား...?? ဒီကမ္ဘာပေါ်မှာ အဖေနဲ့အမေပြီးရင်... ကိုကိုအချစ်ဆုံးက ညီမလေးပဲဆိုတာကိုပေါ့။ Yoonjin x Yoonseok ညီမလေး သိတယ်မဟုတ်လား...?? ဒီကမ္ဘာပေါ်မှာ အဖေနဲ့အမေပြီးရင်... ကိုကိုအချစ်ဆုံးက ညီမလေးပဲဆိုတာကိုပေါ့။ Written By : JaejoongHtike