Part - 22

161 23 0
                                    

(Unicode)

မျက်လုံးလေးကို မှိတ်ကာ မိတ်ကပ်အပြင်ခံနေသည့် ယွန်းဂျီကိုကြည့်ရင်း ယွန်းဂီ စိတ်တွေနွမ်းလျနေခဲ့လေတယ်...။ ယွန်းဂျီကိုကြည့်နေပေမယ့်လည်း သူ့မျက်ဝန်းထဲမှာ ယွန်းဂျီပုံရှိမနေပဲ တစ်ယောက်သောသူရဲ့ပုံရိပ်ကသာစွဲထင်နေလေတယ် ။

သူတို့နှစ်ယောက်အတူ ပျော်ခဲ့ဖူးတဲ့ အမှတ်ရတွေ ကြည်နူးစရာ ကောင်းတဲ့အခိုက်အတန့်တွေကို ပြန်လည်မြင်ယောင်နေမိခဲ့တယ်...။

" ဂျီဂျီလှလား အိုပါး..."

ယွန်းဂျီရဲ့အသံကြားမှသာ ယွန်းဂီ ရဲ့စိတ်တို့က လက်ရှိအချိန်ကိုပြန်ရောက်လာခဲ့လေတယ်...။ သူဘယ်လောက်တောင် အတွေးများနေသလဲဆိုတာ ယွန်းဂျီ အလှပြင်လို့ပြီးသွားတာကိုတောင် သတိမထားနိုင်ခဲ့ပေ...။

" လှတာပေါ့ ဂျီလေးရဲ့... "

ယွန်းဂီရဲ့အဖြေကိုကြားတော့ ကျေနပ်စွာဖြင့်ပြုံးလိုက်တဲ့ အပြုံးလှလှလေးကြောင့် ယွန်းဂီ ခုနကတွေးနေမိတဲ့အရာတွေကိုခဏမေ့သွားမိလေတယ်...။ ဟုတ်တယ် အခုအချိန်မှာ ထိုအကြောင်းတွေကို ယွန်းဂီ မတွေးသင့်တော့ဘူးလေ...။

နောက်နာရီပိုင်းအကြာဆိုရင် ယွန်းဂျီနဲ့အကိုဆော့ဂျင်ရဲ့ စေ့စပ်ပွဲစတင်တော့မှာဖြစ်တာကြောင့် ယွန်းဂီ ကိုယ့်ခံစားချက်တွေကိုမြိုသိပ်ထားရုံပဲရှိတော့လေတယ်....။

" CEO ရော အဆင်သင့်ဖြစ်ပြီလားမသိဘူးနော်...."

" မပြောတတ်ဘူးလေ ဂျီလေးရဲ့... ဖြစ်နေလောက်ပါပြီ...."

" သွားကြည့်ပေးပါလား အိုပါးရယ်...."

ငြင်းဆန်ချင်သော်လည်း မျက်လုံးဝိုင်းလေးနှင့် တောင်းဆိုသလိုကြည့်လာတာကြောင့် ယွန်းဂီ အပြင်ကိုထွက်လာခဲ့လိုက်တယ်...။

ဒီနေ့ဟာ စေ့စပ်ပွဲဖြစ်သော်လည်း ကြီးကြီးမားမား‌မဟုတ်ပေ...။ နာမည်ကြီးစားသောက်ဆိုင်တစ်ခုမှာ  နှစ်ဖက်မိဘနဲ့ ခင်မင်သူအနည်းငယ်လောက်ကိုသာ ဖိတ်ကြားထားခြင်းဖြစ်တယ်...။

ဆော့ဂျင်ရဲ့အမေက မင်္ဂလာပွဲကို ချက်ချင်းစီစဉ်ဖို့လုပ်ပေမယ့်လည်း ဆော့ဂျင်ကတားထားပြီး စေ့စပ်ပွဲကိုပဲလုပ်လိုက်ခြင်းပင်...။

My Little Sister {Completed}Nơi câu chuyện tồn tại. Hãy khám phá bây giờ