Part - 18

152 22 0
                                    

(Unicode)

အိပ်ရာကနေနိုးတော့ ယွန်းဂီ အံ့ဩသွားရလေတယ်....။ ဘာလို့လဲဆိုတော့ ကိုကိုက သူ့ရဲ့လက်ကိုဆုပ်ကိုင်ပြီး ကုတင်ပေါ်‌မှာ ခေါင်းလေးတင်ကာ အိပ်ပျော်နေလို့လေ...။

မနေ့ညကအကြောင်းကိုပြန်တွေးမိတော့ ယွန်းဂီ စိတ်ထဲမှာလန့်နေမိတုန်းပင်...။ ကိုကိုသာ ရောက်မလာခဲ့ရင် သူအခုအချိန် အသက်နဲ့ကိုယ် အိုးစားကွဲနေမှာသေချာလေတယ်...။

" နိုးနေပြီလား...."

အိပ်နေတဲ့ ကိုကို့မျက်နှာလေးကို ငေးကြည့်နေမိတုန်းမှာပဲ ကိုကိုက နိုးလာခဲ့လေတယ်...။

" ကိုကို ဘာလို့အိမ်မပြန်တာလဲ...."

" အစကတော့ ပြန်မလို့ပဲ... ဒါပေမယ့် ယွန်းဂီ အိပ်ပျော်တာစောင့်နေရင်းနဲ့ ကိုယ်လည်းအိပ်ပျော်သွားတာ...."

ကိုကိုက အိပ်ရာနိုးကာစပုံလေးနဲ့တောင် သိပ်ကိုချောနေခဲ့လေတယ်...။ အိပ်ရာကနိုးပြီဖြစ်သော်လည်း အခုအချိန်အထိ ယွန်းဂီရဲ့လက်ကိုမလွှတ်ပဲ ဆုပ်ကိုင်ထားသေးတယ်...။

" နေလို့အဆင်ပြေရဲ့လား ယွန်းဂီ...."

" ဟုတ်ကဲ့ ကိုကို ပြေပါတယ်...."

ကိုကို့ကိုပြောပြီး ယွန်းဂီ ကုတင်ပေါ်ကဆင်းရန်အလုပ်မှာ ခြေထောက်ကနာတာကြောင့် ယိုင်သွားပြီး ကိုကိုက အမြန်ပင် ယွန်းဂီကိုလှမ်းပွေ့ပြီး ထိန်းပေးလေတယ်...။

" ဘာဖြစ်လို့လဲ ယွန်းဂီ...."

" ခြေထောက်ကနာနေလို့....."

ယွန်းဂီပြောလိုက်တာနှင့် ချက်ချင်း ဆော့ဂျင် ခြေထောက်ကိုကြည့်လိုက်မိတော့ ဂါဝန်နဲ့ဖုံးနေသည့် ဒူးခေါင်းကညိုမဲနေတာကိုတွေ့လိုက်ရလေတယ်...။

" ဒူးခေါင်းညိုမဲနေတာပဲ... မနေ့ကတော့ သွေးပူတုန်းမနာပေမဲ့ အခုနာလာတာနဲ့တူတယ်... ကိုယ်နဲ့ ဆေးရုံသွားကြရအောင်...."

" ရပါတယ် ကိုကိုရဲ့... ဆေးဆိုင်မှာဆေးဝယ်ပြီးလိမ်းလိုက်ရင် သက်သာမှာပါ...."

ယွန်းဂီ ကိုယ့်‌ဒူးခေါင်းကိုငုံ့ကြည့်ပြီး ခပ်ပေါ့ပေါ့လေးသာပြောလိုက်မိတယ်...။ မနေ့ကလူ သူ့ကိုခြေထိုးခံလိုက်ချိန်မှာ ချော်လဲကျပြီး ဒဏ်ရာဖြစ်သွားပုံရလေတယ်....။ မနေ့ညကတော့ လူက ကြောက်စိတ်နှင့်ပူထူနေတာကြောင့် သတိတောင်မထားမိခဲ့ပေ...။

My Little Sister {Completed}Where stories live. Discover now