Pre-episode

445 33 12
                                    

ရာသီဥတု အုံ့မှိုင်းကာ မိုးဖွဲဖွဲရွာကျနေသော နေ့တစ်နေ့

ရာသီဥတုအခြေအနေနှင့် ကိုက်ညီစွာ ကောင်လေးတစ်ဦး၏ ရင်ထဲ၌လည်း မျက်ရည်မိုး ရွာသွန်းနေလျက်။ လက်ထဲတွင် ကိုင်ထားသော ဖိတ်စာကို ကြည့်ကာ မျက်ဝန်းတို့၌လည်း နာကျည်းသော အရိပ်အယောင်တို့ဟာ အပြည့်။ ဖိတ်စာပေါ်၌ ရေးထားသည့် နာမည်ကို ကြည့်ကာ ကိုယ့်နာမည်ကို ပထမဆုံး မုန်းမိခြင်း။

"သို့/ ဂျန်ဟာအို"

လူကုန်ထံ အသိုင်းအဝိုင်း နှစ်ခု၏ တစ်ဦးတည်းသော သားအချင်းချင်း ပေါင်းဖက်သည့်ပွဲဖြစ်သည်မလို့ ခမ်းနားမှုက လွန်စွာ ထည်ဝါလှသည်။ ကင်မ်ဂရုပိုင်သည့် ဟော်တယ်တစ်ခုတွင် ကျင်းပသည်ဖြစ်ပြီး ထိုအဆောက်အဦးရှေ့၌ ဟာအိုဟာ ရပ်နေသည်။

ထို့နောက် ခန်းမထဲသို့ဝင်သွားပြီး ပွဲကျင်းပရာ နေရာသို့ ဦးတည်သွားလိုက်သည်။ ခန်းမနားမရောက်ခင် ဝင်ပေါက်၌ အကုန်လုံးအား ပြုံးရယ် နှုတ်ဆက်နေသူအား ကြည့်ကာ ဟာအိုသည် မဲ့ပြုံးတို့ ဆင်မြန်းလျက်။ နောက်ပြီး ထိုလူတွေအား ရှောင်သွားကာ ခန်းမ၏ နောက်ဆုံးနားတွင် နေရာယူလိုက်သည်။

"သတို့သား နေရာယူပါ"

အခမ်းအနားမှူး၏ စကားအဆုံး အနက်ရောင် ဝတ်စုံပြည့်ကို သပ်ရပ်စွာ ဝတ်ဆင်ထားပြီး နက်မှောင်သည့် ဆံနွယ်တို့အား လှန်တင်ထားသည့် ထိုလူသည် ဟာအိုအတွက်တော့ သိပ်ကို အကြည်းတန်လွန်းလှသည်။

"သတို့သား ကင်မ်ထယ်ရယ် နေရာယူပါ"

ခန်းမ လျှောက်လမ်းတစ်လျှောက် ဖခင်ဖြစ်သူ၏ လက်အားချိတ်ဆွဲကာ ဝင်လာသည့်သူသည် တစ်ချိန်က ဟာအို သိပ်ကို ချစ်ခဲ့ရသည့်သူ။ အပြန်အလှန်ချစ်ခဲ့ကြသည်ဟု ထင်ခဲ့ပေမဲ့ ချစ်ရတဲ့ ထယ်ရယ်ဟာ သူ့ကို သစ္စာဖောက်သွားခဲ့သည်။ ဒါပေမဲ့ ထယ်ရယ့် မျက်ဝန်းတွေမှာ အဆွေးဓာတ်တွေ တွေ့နေရသည်။ မင်း သိပ်ကိုပျော်နေရမှာလေ ထယ်ရယ်။

သင်းအုပ်ဆရာကြီး၏ ကောင်းချီးမင်္ဂလာတွေအဆုံး ထိုနှစ်ဦးဟာ ကတိကဝတ်တွေပြုကြသည်။ ဟာအိုကတော့ ထိုမြင်ကွင်းတွေကို ရင်ကွဲစွာ ကြည့်နေရသည့် ပွဲကြည့် ပရိသတ်တစ်ဦးသာသာ။

ExileWhere stories live. Discover now