"သူဌေး တစ်ဖက် ကုမ္ပဏီက စီစဉ်ထားတဲ့ နေရာကို အကြောင်းပြန်ထားပါပြီ"
အတွင်းရေးမှူး၏ စကားကြောင့် ဟာအိုသောက်လက်စ ဆေးလိပ်ကို ခဏချထားလိုက်ပြီး အခန်းတွင်းသို့ ဝင်လာခဲ့သည်။
"ဘယ်မှာတဲ့လဲ"
"Kingsman Hotelမှာပါ"
ဟိုတယ်နာမည်ကြားလိုက်မိချိန်တွင် ဟာအို မျက်နှာဟာ ပုံမှန်တည်နေတာထက်ပင် ပိုတည်သွားခဲ့သည်။ ထိုနေရာဟာ ဟာအိုခြေပြန်မချချင်သည့် နေရာတွေထဲက တစ်ခုမဟုတ်ပါလား။
"တစ်ခုခု အဆင်မပြေလို့လား သူဌေး"
"အဆင်ပြေတယ် ငါ့ကိုယ့်ကိုယ်သွားလိုက်မှာမလို့ ကုမ္ပဏီက ကိစ္စတွေပဲ ကြည့်လုပ်ထားလိုက် ဒီနေ့ အလုပ်လာဖြစ်မှာ မဟုတ်ဘူး"
"ဟုတ် သူဌေး"
အတွင်းရေးမှူးထွက်သွားသည်နှင့် ဟာအိုဟာ ဝရန်တာသို့ပြန်ထွက်လာပြီး ချထားသည့် ဆေးလိပ်မှ ပြာတစ်ချို့ကို ခါချပြီး ပြန်သောက်လိုက်သည်။ ဆေးလိပ်ငွေ့တွေကို ရှိုက်သွင်းပြီး ပြန်ရှူထုတ်လိုက်တော့ ဟာအိုမြင်နေရသည့် မြင်ကွင်းဟာ ဆေးလိပ်ငွေ့တွေကြောင့် ဝေဝါးသွားခဲ့သည်။
ဆေးလိပ်ငွေ့တွေ တဖြေးဖြေးပျောက်ကွယ်သွားချိန်မှာတော့ ဟာအိုသည် မျက်စိရှေ့က မြင်ကွင်းကြောင့် ကိုယ့်ကိုယ်ကို ရယ်မိသွားသည်။ ဟာအို ဘာကြောင့်များ ကြယ်ပန်းတွေ ပျိုးခဲ့မိတာဘာလိမ့်။
ကျန်ရှိနေသေးသည့် ဆေးလိပ်ကို ငြိမ်းသတ်လိုက်ပြီး ဟာအိုပြင်ဆင်ကာ ချိန်းဆိုထားသည့် နေရာသို့ သွားလိုက်သည်။ သူ့ကို မြင်လျှင် ဖြစ်သွားမည့် မျက်နှာ အမူအရာကို သိချင်နေပြီလေ။
❤️🩹
ဂျီအွန်း လက်တွက်ပတ်ထားသည့် နာရီကို ကြည့်ကာ အခုထက်ထိ မရောက်လာသေးသည့် တစ်ဖက် ကုမ္ပဏီ၏ ဥက္ကဌဖြစ်သူကို ဒေါသထွက်ချင်နေပြီဖြစ်သည်။ အရေးကြီး ပရောဂျက်ဖြစ်တာကြောင့်လည်း ဂျီအွန်း သည်လောက်ထိ စိတ်ရှည်ပေးနေတာ မဟုတ်လျှင် ဂျီအွန်း သည်တွေ့ဆုံမှုကို ဖြတ်လိုက်ပြီးနေပြီဖြစ်သည်။
"အဲ့ ဥက္ကဌကို အချိန်သေချာပို့လိုက်တယ်မလား ဆယ်ချန်း"
"ဟုတ်ကဲ့ သေချာ ဆက်သွယ်ပြောလိုက်ပါတယ် ဥက္ကဌကြီး"

YOU ARE READING
Exile
FanfictionHe taught me how to love but not how to stop ❤️🩹 Kim Jiwoong || Kim Taerae || Zhang Hao