Episode 13

142 13 9
                                    

ပြီးခဲ့သော ဇာတ်လမ်းများ

တရုတ်ပြည်နယ်စပ်များရှိ ကျောက်တွင်းလုပ်ငန်းများ၌ နေပူကိုပင် မရှောင်နိုင်ကြပဲ ပင်ပင်ပန်းပန်းလုပ်ကိုင်လျက်။ ထိုလူများထဲတွင် ကင်မ်ဒယ်ဂျွန်းသည်လည်း အပါအဝင်ဖြစ်ခဲ့ဖူးသည်။ ထိုအချိန်က ကင်မ်ဒယ်ဂျွန်းက နေ့တိုင်း ကြိုးစားကာ ကျောက်ရှာပေမဲ့ ကျောက်မအောင်တာမလို့ နေ့ရက်တိုင်းက ခက်ခဲပင်ပန်းလျက်။ သို့ပေမဲ့လည်း​ ကိုယ်ဝန်နှင့် ကျန်ခဲ့သူ အမျိုးသမီးကို ပြန်တွေးမိကာ လက်မလျှော့ပဲ ကြိုးစားနေလျက်။

တစ်ရက်တော့ ထိုကျောက်တွင်းမှာ သူ့ကဲ့သို့ သူတစ်ဦးနှင့် စုံခဲ့လေသည်။ ဂျန်ဂျယ်ဟန်ဆိုသူ။ ထိုသူကလည်း သူ့ကဲ့ပင် အမျိုးသမီး ကျန်ခဲ့သူ။ သို့ပေမဲ့ ထိုသူ့ အမျိုးသမီးကတော့ မွေးခါစကလေးလေးနှင့်။

တစ်နေ့ သူတို့အတွက် ကံကောင်းမှု ယူဆောင်လာသည်ဟု ဆိုရလေမလား။ ကင်မ်ဒယ်ဂျွန်းနှင့် ဂျန်ဂျယ်ဟန်ဟာ အရည်အသွေးမြင့် ကျောက်ကို တူးမိခဲ့ကြသည်။ သို့ပေမဲ့ အရည်အသွေးမပြည့်ဟုဆိုကာ ငွေအနည်းငယ်သာ ပေးခဲ့ကြသည်။ ကျောက်သူဌေး၏ မသမာ၏ အကြံကို ကင်မ်ဒယ်ဂျွန်းက သိသွားပြီး ထိုကျောက်ကို ပြန်ယူလာခဲ့သည်။

"ဂျယ်ဟန် ထထ"

"ဒယ်ဂျွန်း"

"မြန်မြန် ထွက်ပြေးရမယ်"

"ဘာဖြစ်လို့လဲ"

ကင်မ်ဒယ်ဂျွန်းက ဖွက်ယူလာသည့် ကျောက်ကို ပြလိုက်တော့

"ဒါက"

"မြန်မြန်သွားရအောင်"

"ဒယ်ဂျွန်းရား ဒါငါတို့ ထောင်ထဲဝင်ရမယ့်ကိစ္စနော်"

"ဒီကျောက်ဈေးက တကယ်တော့ ငါတို့ကို ပေးထားတဲ့ ဈေးထက် အများကြီးတန်တယ်"

"ဒါပေမဲ့လည်း"

"မင်းမိန်းမနဲ့ ကလေးကို ထည့်မတွက်တော့ဘူးလား"

ဂျယ်ဟာက တစ်ချက်တွေဝေသွားပေမဲ့ ဒယ်ဂျွန်းနှင့် အတူတူထွက်ပြေးဖို့ သဘောတူခဲ့ပြီး ကိုးရီးယားသို့ ထွက်လာခဲ့ကြသည်။ ကိုးရီးယားရောက်တော့ ထိုကျောက်ကို ရောင်းချပြီး ရတဲ့ငွေကို အညီအမျှခွဲဝေကာ သူငယ်ချင်းနှစ်ယောက် စီးပွါးရေးအတူတူလုပ်ကိုင်ကြရင်း တဖြေးဖြေး ချမ်းသာလာခဲ့သည်။

You've reached the end of published parts.

⏰ Last updated: May 16 ⏰

Add this story to your Library to get notified about new parts!

ExileWhere stories live. Discover now