"ထယ်ရယ်"
အခန်းထဲတွင် ရက်အတော်ကြာ ပိတ်ထားခံရပြီး အကျယ်ချုပ်ကျနေရသည့် ထယ်ရယ့်အတွက်တော့ ဟျောင်း၏ အသံဟာ ဒီအချိန်မှာ တစ်ခုသော ကယ်တင်ရာလို။
ဟုတ်တယ်။ ဟျောင်းက ထယ်ရယ့်ဆို တအားချစ်တာလေ။ ထယ်ရယ့်ကို ကိုကို့ဆီ ပြန်လိုက်ပို့ပေးမှာ။ အဲ့နေ့ကတည်းက ကိုကို့စကားကို နားထောင်ခဲ့ရမှာကို။ ထယ်ရယ်ရောက်တာနဲ့ ဒယ်ဒီ့တပည့်တွေက ထယ်ရယ့်အား အတင်းချုပ်ပြီး အခန်းထဲ ပိတ်ထားသည့်အပြင် နေ့တိုင်း အခန်းပြင် ခြံဝန်းထဲမှာ အစောင့်တွေဟာ အပြည့်။
"ဟျောင်း ထယ်ရယ့်ကိုလေ ထယ်ရယ့်ကို ကိုကိုစောင့်နေမှာ ထယ်ရယ့်ကို ကိုကို့ဆီ လိုက်ပို့ပေးပါနော်"
အလုပ်ခရီးကနေ ပြန်ရောက်ရောက်ချင်း ထယ်ရယ် ပြန်ရောက်နေသည်ဆိုသည့် စကားကြောင့် အနားမယူပဲ ချက်ချင်းရောက်လာခဲ့သူ၏ ရင်ကို ထယ်ရယ်ဟာ စောက်နဲ့ ထွင်းကာ ကြိုဆိုသည်။
"ဟျောင်း ကူညီပါနော်"
မျက်ရည်များစွာဖြင့် ငိုယိုကာ အကူအညီတောင်းနေတော့ ဂျီအွန်းမှာ မငြင်းဆန်နိုင်ပေမဲ့ ကိုယ့်လက်ထဲရောက်နေသည့် အခွင့်အရေးကို ပြန်ပြီး လက်လွှတ်လောက်ရသည်အထိ ဂျီအွန်း မနုံအနေပြန်။
"ဟျောင်း ကူပေးမယ်နော်"
သို့နှင့် ဂျီအွန်းဟာ ထယ်ရယ့်ကို ခြံထဲမှ အစောင့်များ မသိအောင် ခေါ်ထုတ်သွားပေးခဲ့ပြီး အိမ်တော်မှ ဝေးရာသို့ မောင်းထွက်လာခဲ့သည်။ ထယ်ရယ်တို့ ထွက်သွားပြီး မကြာခင်မှာပင် အနောက်မှ အစောင့်တစ်ယောက် ထွက်လာကာ
"အကိုလေးကို ဒုဥက္ကဌ ကင်မ် ခေါ်သွားပါပြီ ဥက္ကဌကြီး"
❤️🩹
"သူတို့ လိုက်မလာနိုင်တော့ပါဘူး ထယ်ရယ်ရဲ့"
ကားပြတင်းပေါက်မှ တဆင့် နောက်ကို လှည့်ကြည့်လှည့်ကြည့် လုပ်နေသည့် ထယ်ရယ်ကို ဂျီအွန်း စိတ်အေးအေး ထားစေရန် မှာလိုက်ခြင်းပင်။
"ကျေးဇူးပါ ဟျောင်း"
"အွန်း"
ဂျီအွန်းလည်း ကားကို ဖြေးဖြေးချင်း ဘူဆန်သို့ မောင်းသွားလိုက်ပြီး ထယ်ရယ်ပြောသည့် အိမ်လိပ်စာသို့ မောင်းသွားပေးလိုက်သည်။ ထိုရပ်ကွက်လမ်းထိပ်သို့ရောက်တော့
YOU ARE READING
Exile
Fiksi PenggemarHe taught me how to love but not how to stop ❤️🩹 Kim Jiwoong || Kim Taerae || Zhang Hao