Episode 2

179 22 6
                                    

"ဂျီအွန်း ဒီနေ့ကစပြီး ညီလေးကို သေချာစောင့်ရှောက်ရမယ်နော်"

"ဒါ သား ညီလေးလား"

ပုခက်ထဲမှ အနှီးလေးဖြင့် ထုတ်ထားသော နီတာရဲ ကလေးလေးအားကြည့်ကာ ဂျီအွန်းပြောလိုက်ခြင်း။

"ညီလေးအရင်းမဟုတ်ပေမဲ့ သားရဲ့ ညီအရင်းကို ဂရုစိုက်ရမယ်နော်"

"ဟုတ် မေမေ"

ထို့နောက် ဂျီအွန်းဟာ ပုခက်ထဲမှ ကလေးလေးအား သေချာစိုက်ကြည့်နေစဉ် ကလေးလေးက တစ်ခုခုအား သဘောကျဟန် မသိမသာလေး ပြုံးလိုက်တော့ ပေါ်လာတဲ့ အချိုင့်ရာလေးကြောင့် ဂျီအွန်းလည်း ပြုံးမိသွားသည်။

"မေမေ ညီလေးက ပြုံးလိုက်တယ် ပါးမှာလည်း အချိုင့်သေးသေးလေးနဲ့"

"သားက ဂျီအွန်းကို သဘောကျပုံပဲ"

"အန်တီ ညီလေး နာမည်က ဘယ်လိုခေါ်လဲ"

"ထယ်ရယ် ကင်မ်ထယ်ရယ်"

ထယ်ရယ်.. ကိုကို့ရဲ့ ထယ်ရယ်လေး မြန်မြန်အရွယ်ရောက်လာနော် ဒါမှ ကိုကိုနဲ့ တူတူဆော့လို့ရမှာ။

❤️‍🩹

"ကိုကို ကိုကို"

မပီကလာ ပီကလာအသံလေးဟာ လေလှိုင်းမှတဆင့် ဂျီအွန်း၏ နားစည်သို့ လာရိုက်ခတ်သည်။ အသံလေးကြားရုံဖြင့် ဂျီအွန်း၏နှုတ်ခမ်းပါးထက် အပြုံးခပ်ရေးရေးတို့လည်း ပေါ်လာရသည်။

"ကိုကို ဟီး"

အသံကြားကတည်းက အပေါ်ထပ်မှ အောက်ထပ်ကိုဆင်းကာ လာတော့ လှေကားရင်းမှာ ဘောလုံးလေး ပိုက်ထားရင်း အပေါ်ထပ်ကို တက်ဖို့ ပြင်နေသည့် ထယ်ရယ်နှင့် တိုးသည်။ ဂျီအွန်းကို တွေ့တာနှင့် သွားသေးသေးလေးတွေ ပေါ်အောင် ပြုံးပြသည်။

"အော ထယ်ရယ်လေး ရောက်နေတာပဲ"

"တီတီ"

မေမေ့ကို တွေ့တာနဲ့ ဘောလုံးအား ပစ်ချကာ ပြေးသွားတဲ့ ထယ်ရယ်လေးပါပင်။ မေမေကလည်း ထယ်ရယ်လေးကို ပွေ့ချီတော့ ထိုကလေးက မေမေ့နားကပ်ကာ ပိုချွဲပြသည်။ အဲ့လိုအချက်လေးတွေကြောင့်လည်း ကင်မ်ထယ်ရယ်လေးက ကင်မ်အိမ်တော် နှစ်အိမ်လုံး၏ အချစ်တော်လေး ဖြစ်နေရခြင်းပင်။

ExileWhere stories live. Discover now