"သူဌေး သူဌေးရဲ့ အခန်းထဲမှာ တွေ့ချင်လို့ဆိုပြီး စောင့်နေတဲ့သူ ရှိပါတယ်"
ဟာအို ကုမ္ပဏီရောက်ရောက်ချင်း အတွင်းရေးမှူးလာပြောသည့်စကားကြောင့် မျက်မှောင်ကြုံ့မိသွားသည်။ ဘယ်သူကများ သူ့ရုံးခန်းထဲကို ခွင့်ပြုချက်မရှိ ဝင်ရဲတာလဲ။ ဟာအိုလည်း ရုံးခန်းထဲ သွားလိုက်တော့ သူ၏ စုံလည် ကုလားထိုင်ဟာ လှည့်လာတော့ မြင်လိုက်ရသည့် သူကြောင့် စိတ်အစုံဟာ နောက်ကျိသွားရသည်။
"ဥက္ကဌ ဂျန်ဟာအို မဆိုးဘူးပဲ"
"လာရင်း ကိစ္စကိုသာ ပြောပါ ကင်မ်ဒယ်ဂျွန်း"
"ရင့်လှချည်လား ဂျန်ဟာအိုရဲ့"
"ပြီးတော့ ကျွန်တော့်နေရာကနေ ထပေးပါ"
ဟာအို၏ နေရာတွင် နေရာယူကာ ထိုင်နေသည့် သူအား ဟာအို လေသံမာမာနှင့်သာ ပြောလိုက်တော့ ထိုလူက တဟားဟားရယ်ကာ ဟာအိုနား ထလာသည်။ ဟာအို ဘောင်းဘီအိတ်ကပ်ထဲသာ လက်ထည့်ထားရင်း ထိုလူအား ကြည့်နေလိုက်သည်။
"အရင်အတိုင်းပဲ အရမ်းကို ယုံကြည်ချက် ရှိနေတဲ့ အကြည့်တွေက ပြီးတော့ အဲ့အကြည့်က တစ်စုံတစ်ယောက်ကို ပြန်အမှတ်ရစေတယ်"
"အလုပ်ကိစ္စမဟုတ်ရင် ထွက်သွားပေးနိုင်မလား"
"အဟားဟား ဟုတ်ပါပြီ အလုပ်ကိစ္စလာတာပါ ဥက္ကဌ ဂျန်ဟာအို"
"အတွင်းရေးမှူး ဂန် ဝင်လာခဲ့ဦး"
"ဟုတ်ကဲ့ သူဌေး"
"ဒီက ဥက္ကဌ ကင်မ်က အလုပ်ကိစ္စရှိလို့တဲ့"
"ဟုတ်ကဲ့ သူဌေး"
ဟာအိုက သူ့ကို ကြည့်နေသည့် ကင်မ်ဒယ်ဂျွန်းကို ဆက်မကြည့်တော့ပဲ အလုပ်ကိုသာ ဆက်လုပ်နေတော့သည်။ သေချာသည်ကတော့ ကင်မ်ဒယ်ဂျွန်းဟာ ကျေနပ်မည်တော့ မဟုတ်ပါ။
❤️🩹
"ထယ် ကဖေး မသွားသေးဘူးလား"
အပေါ်ထပ်ကနေ လက်ဆွဲအိတ်ကို ကိုင်ကာ ဆင်းလာသည့် ဟျောင်းက ထယ်ရယ့်အား မေးခြင်း။ နာရီကြည့်လိုက်တော့ ၈နာရီခွဲမလို့ ပုံမှန်ဆို ထယ်ရယ်ဆိုင်သွားချိန်ရောက်ပြီမလို့ မေးခြင်းဖြစ်လိမ့်မည်။

YOU ARE READING
Exile
FanfictionHe taught me how to love but not how to stop ❤️🩹 Kim Jiwoong || Kim Taerae || Zhang Hao