တဖြေးဖြေး အရည်ပျော်ကျနေသည့် ဖယောင်းတိုင်အား ကြည့်ရင်း ဂျီအွန်း၏ မျက်ဝန်းတွေဟာ ဒေါသ အငွေ့အသက်တွေ ဖုံးလွှမ်းလာပြီဖြစ်သည်။
"တောက်"
ပြင်းထန်သည့် တက်ခေါက်သံတစ်ချက်ကတောင် ဂျီအွန်း၏ ဒေါသကို မဖြေဖျောက်ပေးနိုင်။ ထယ် ကလေး မင်းဘယ်လိုလုပ် ကိုကို့မွေးနေ့ကို မေ့ရက်နေနိုင်တာလဲ။
"ခလွမ်း.."
"အွန်းလေး ဘယ်လိုဖြစ်တာလဲ"
ကြမ်းပြင်ပြန့်ကြဲနေသည့် ဖန်ခွက်အပိုင်းအစတွေရယ် ပုံပျက်နေသည့် ကိတ်ရယ်ကြောင့် သူတို့ သခင်လေး ဘယ်လောက်ထိ ဒေါသထွက်နေသလဲဆိုတာ သိသာပါသည် ထို့နောက် ဖန်စတွေပေါ်မှတင် နင်းလျှောက်သွားသည့် သခင်လေးကို စိတ်ပူပေမဲ့ လိုက်မသွားရဲကြ။ သခင်လေး၏ ဒေါသကို သူမတို့သိသည်လေ။ သူမတို့၏ စိတ်ထဲမှာတော့ ထယ်ရယ်လေး မြန်မြန်ပြန်ရောက်လာဖို့သာ ဆုတောင်းနေမိသည်။
အခန်းထဲရောက်တော့ ဂျီအွန်း ထောင့်ကျသည့်နေရာလေးတွင်ထိုင်ကာ မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ထားရင်း မျက်ရည်တို့ကို စီးဆင်းခွင့်ပေးနေသည်။ ဂျီအွန်းရဲ့ မွေးနေ့ ပွဲတွေဟာ ထယ်ရယ်မရှိပဲ ဆင်နွှဲခဲ့တယ်ဆိုတာမရှိ။
ဒီနှစ်မွေးနေ့ကိုလည်း ဂျီအွန်းဘယ်လောက်ထိ မျှော်လင့်ထားရသလဲ။ တက္ကသိုလ်ကျောင်းသားဖြစ်နေပြီမလို့ ထယ်ရယ့်ကို အကြိုအပို့လုပ်ပေးဖို့ မအားတော့။ ဂျီအွန်း ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားသည့် ကတ္တီပါ ဘူးလေးကို ထုတ်ကြည့်လိုက်တော့ ပလက်တီနမ်ကြိုးလေးနှင့် Guitar Pickပုံစံ လော့ကတ်သီးလေး။
ဂျီအွန်းရဲ့ မွေးနေ့ပေမဲ့လည်း ဂီတာတီးရတာ သဘောကျတဲ့ ထိုကလေးအတွက် ဂျီအွန်းကိုယ်တိုင် ဒီဇိုင်းဆွဲကာ အပ်ထားခဲ့သည့် ဆွဲကြိုးလေး။ နံရံထက်က နာရီကို ကြည့်လိုက်တော့ ၁၀နာရီပင် ခွဲလုနီးနီး။ ဒီအချိန်ထိ အိမ်ကိုပင် ပြန်မရောက်သေးသည့် ကလေးငယ်က သူ့ဆီရောက်လာပါဦးမလား။
❤️🩹
"တီတီ ကိုကိုအိပ်နေပြီလား"
ထယ်ရယ့်အသံလေးအား ကြားလိုက်ရချိန်တွင် အိမ်တော်ထိန်း အန်တီအပါအဝင် တခြားအိမ်အကူတွေ၏ မျက်နှာဟာလည်း ဝင်းလက်သွားလျက်။
YOU ARE READING
Exile
ФанфікиHe taught me how to love but not how to stop ❤️🩹 Kim Jiwoong || Kim Taerae || Zhang Hao