"ဆန်းဘယ် လူသစ်က လေ့ကျင့်ရေး မရောက်သေးဘူးလား"
ဟာအို နာရီတကြည့်ကြည့်နဲ့ စောင့်နေပေမဲ့ မရောက်လာသေးသည့် လူသစ်လေး ထယ်ရယ်။ မေ့နေတာတော့ မဟုတ်ဘူးမလား။
"မီယန်း စာမေးပွဲ အသေးလေးဖြေနေတာမလို့ နောက်ကျသွားတာ"
ဟောဟဲစိုက်ကာ ရောက်လာပြီး ချွေးအနည်းငယ်စို့နေတာမလို့ ပြေးလာပုံရသည်။
"ရော့ ရေသောက်လိုက်ဦး"
မဆူသည့်အပြင် ရေဘူးပါပေးပြီး နဖူးထက်က ချွေးစလေးတွေကို တစ်ရှူးနှင့် တယုတယသုတ်ပေးနေသည့် ဟာအို ဆန်းဘယ်ကို ကြည့်ပြီး တခြားအဖွဲ့ဝင်တွေဟာ အံ့အားသင့်လျက်။ သူတို့သိတဲ့ ဟာအိုဆန်းဘယ်က တစ်မိနစ်လေးတောင် နောက်ကျမခံတဲ့သူလေ။ အခုများတော့..
"အဟွန်း ဟာအို ဆန်းဘယ် လေ့ကျင့်ရေးစမယ်လေ"
တခြားအဖွဲ့သားတွေ ပြုံးစစနဲ့ ပြောသံကြားမှ ဟာအိုဆန်းဘယ်ကလည်း ပါးချိုင့်လေးထဲ အချစ်နယ်ကျွံနေရာကနေ ပြန်ရောက်လာပြီး ကယောက်ကယက်နှင့် တွေ့တာတွေ ကောက်ဆွဲတော့သည်။
"တောင်းပန်ပါတယ် ထယ်ရယ့်ကြောင့် နောက်ကျသွားတာ"
"ရပါတယ် ထယ်ရယ်ကလည်း ဒီလိုနောက်ကျတာက ဖြစ်တတ်ပါတယ်"
"ဟာအို ဆန်းဘယ် အရင်ကတော့.."
"ကဲ ကဲ စမယ် ထယ်ရယ် နေရာယူတော့နော်"
စကားလမ်းကြောင်းကို အတင်းလွှဲပြီး လေ့ကျင့်ရေးကို စနေသည့် ဟာအိုကို အဖွဲ့ဝင်ဟောင်းတွေကတော့ ပြုံးစစနှင့် ကြည့်နေကြပေမဲ့ ထယ်ရယ်လေးကတော့ နားမလည်ခဲ့ပါလေ။
❤️🩹
"ဟာအို ဆန်းဘယ်"
"ရား ဟာအို ဆန်းဘယ် တအားချောတာပဲ"
"ဟာအို ဆန်းဘယ် ဘာလာလုပ်တာလဲ မသိဘူးနော်"
ထယ်ရယ် နေ့လည်စာစားဖို့ အတန်းထဲတွင် လွယ်အိတ်သိမ်းနေရင်း ကောင်မလေးတွေ၏ တီးတိုးသံကြောင့် စောင်းငဲ့ကြည့်မိတော့ အပြင်ဘက်တွင် နံရံကိုမှီကာ နာရီတကြည့်ကြည့်နှင့် အထာကျကျစောင့်နေပါသော စီနီယာ။
YOU ARE READING
Exile
FanfictionHe taught me how to love but not how to stop ❤️🩹 Kim Jiwoong || Kim Taerae || Zhang Hao