Episode 5

181 26 9
                                    

"ထယ်ရယ် စိတ်လှုပ်ရှားနေလား"

စင်ပေါ်တွင် ပထမဆုံး ဖျော်ဖြေရမည့် ထယ်ရယ့်အဖို့ အများကြီး စိတ်လှုပ်ရှားနေသည်မလို့ တခြားအဖွဲ့သားတွေနဲ့လည်း မရောပဲ နည်းနည်းလူရှင်းသည့်နေရာတွင် ထိုင်နေစဉ် အစ်ကို ဟာအိုကရောက်လာကာ မေးခွန်းမေးသည်။

"နည်းနည်း"

နည်းနည်းလို့သာ ပြောလိုက်ပေမဲ့ ခဏခဏ လေပူတွေ မှုတ်ထုတ်နေသည့် ထယ်ရယ့်ကို ကြည့်ကာ အစ်ကို ဟာအိုကတော့ ရယ်ချင်နေလိမ့်မည်။

"ထယ်ရယ် လက်ဖြန့်"

"ဟင်"

အစ်ကိုက လက်ဖဝါးအား ဖြန့်ထားပြီး ထယ်ရယ်လက်ပြန်ကမ်းလာမှာကို မျှော်နေသည်။ စင်အနောက်ဘက် အမှောင်ထဲမှာတောင် တစ်စွန်းတစ်စပဲမြင်နေရသည့် အစ်ကိုဟာအိုဟာ ကြည့်ကောင်းနေဆဲပင်။ တမေ့တမော ငေးနေမိသည့် ထယ်ရယ့်ကို အစ်ကိုက စိတ်မရှည်ဟန်ဖြင့် လက်အားဆွဲယူပြီး လက်ထဲသို့ တစ်ခုခုထည့်ပေးလိုက်သည်။

"အစ်ကို ဒါက"

ထယ်ရယ့် လက်ဖဝါးထက်မှာ ဂီတသံစဉ်ဆွဲသီးလေးနှင့်တွဲစက်ထားသည့် ပလက်တီနမ်ကြိုးလေးတစ်ခု။

"ဒါက အစ်ကို့အတွက် ကံကောင်းစေတဲ့ အဆောင်လေးလေ"

"အဲ့တာကို ဘာလို့"

"လာ အစ်ကို ဆွဲပေးမယ်"

ထယ်ရယ့် လည်တိုင်ထက် အေးစက်စက်အထိအတွေ့နှင့်အတူ ဆွဲကြိုးဟာ နေရာယူသွားခဲ့သည်။

"ပထမဆုံး ဖျော်ဖြေပွဲအတွက် ဂုဏ်ပြုပါတယ်"

"ထယ်ရယ် လုပ်နိုင်မှာပါနော်"

ပထမဆုံး ပွဲလည်းဖြစ်သည့်အပြင် Guitarist အနေနဲ့ကော Front Manအနေနှင့်ပါ တာဝန်ယူထားရသည့် ထယ်ရယ့်အတွက်ကတော့ စိတ်လှုပ်ရှားမှု အပြည့်။

"ကိုယ့်ကိုကြည့်"

ထိုအချိန် ထယ်ရယ့် ပခုံးကို ဆုပ်ကိုင်ကာ မျက်နှာချင်းဆိုင်လှည့်စေပြီး ထယ်ရယ်နှင့် မျက်လုံးချင်းတစ်တန်းတည်းဖြစ်စေရန် ကိုယ်ကို ကိုင်းချလိုင်သည့် အစ်ကိုဟာအိုကြောင့် ထယ်ရယ့်မှာ အနောက်ကိုပင် အနည်းငယ်ဆုတ်မိသွားသည်။

ExileWhere stories live. Discover now