"ဂျန်ဟာအိုရှီ"
ဟာအို Band clubတွင် နောက်လာမည့် ပွဲအတွက် အစီအစဉ်ချနေတုန်း နာမည်ခေါ်သံကြောင့် လှည့်ကြည့်မိတော့ အခုတလော ထယ်ရယ်နားတွင် ခဏခဏတွေ့နေရသည့် ကင်မ်ဂျီအွန်းဆိုသည့် သူပင်။
"ဘာကိစ္စရှိလို့လဲ မသိဘူး"
ဟာအို၏ အမေးကြောင့် ထိုလူဟာ မျက်ခုံးပင့်တင်ရင်း မသတီသလိုကြည့်တော့ ဟာအိုဟာလည်း စူးစူးရဲရဲပြန်စိုက်ကြည့်သည်။
"ထယ်ရယ်နဲ့ ဝေးဝေးမှာနေ"
ထိုစကားကြောင့် ဟာအို ဟတ်ခနဲရယ်လိုက်ပြီး စတိုင်ဘောင်းဘီအိတ်ကပ်ထဲ လက်နှိုက်ကာ အနောက်ဘက်ရှိ စားပွဲပေါ် အသာမှီလိုက်ပြီး
"ဘာအကြောင်းပြချက်နဲ့လဲ။ ကျွန်တော်က ဒီ Bandရဲ့ ခေါင်းဆောင် ထယ်ရယ်က အဖွဲ့ဝင်။ အဲ့တော့ ခင်ဗျားပြောသလို ဝေးဝေးနေဖို့ဆိုတာ မဖြစ်နိုင်ဘူးထင်တယ်"
"ကိုယ့် ဆိုလိုရင်းက အဲ့တာမဟုတ်မှန်း မင်းသိပါတယ်"
ဟာအို မျက်ခုံးပင့်လိုက်ရင်း ဟန်ပါပါရယ်လိုက်ကာ
"ခင်ဗျားကကော ထယ်ရယ်နဲ့ ဘယ်လိုသက်ဆိုင်နေတာမလို့ အခုလို အမိန့်ပေးနေရတာလဲ"
"ကိုယ်က ထယ်ရယ်နဲ့ လက်ထပ်ရမယ့်သူ။ အဲ့တော့ ကိုယ့်မှာ အမိန့်ပေးပိုင်ခွင့်ရှိတယ်"
ဟာအို တဟားဟား အော်ရယ်ရင်း
"လက်ထပ်ပြီးတဲ့ သူမှ မဟုတ်တာ"
"မင်း"
"နောက်ပြီး ခင်ဗျား ဒါမျိုးလာပြောလို့လည်း ကျွန်တော် ထယ်ရယ့်ကို လက်လျော့မယ်လို့ မထင်နဲ့"
ဟာအို၏ စကားကြောင့် ထိုလူ၏ ခပ်တင်းတင်း ဆုပ်ထားသည့် လက်သီးကို ဟာအိုမြင်လိုက်ပါသည်။
"မင်းတို့က သိပ်ကို အခြေအနေတွေ ကွာခြားလွန်းတာ သိတယ်မလား။ မင်းလို မိဘမဲ့နဲ့ အန်ကယ်က သဘောတူမယ် ထင်နေလား"
ထိုစကားကြောင့် ဟာအို ကင်မ်ဂျီအွန်းကို စိုက်ကြည့်လိုက်ပြီး
"အဲ့အခြေအနေကရောက်အောင် ဖန်တီးလို့ ရတယ်"
"အိုခေ စောင့်ကြည့်နေမယ်လေ"

YOU ARE READING
Exile
FanfictionHe taught me how to love but not how to stop ❤️🩹 Kim Jiwoong || Kim Taerae || Zhang Hao