Episode 1

218 30 8
                                    

"ကျာ ဂျန်း!! ဘယ်သူ့ သားလေးမလို့ ဒီလောက်ချစ်စရာကောင်းနေရတာလဲ"

"ပါးပါးရဲ့ သားလေးမလို့လေ"

ပြုံးကာ ပြန်ဖြေလာသည့် ကလေးလေးတွင် ပါးချိုင့်နက်လေးတွေလည်း ပါရှိသလို မျက်ဝန်းထောင့်တွင် မှည့်နက်လေးလည်း ပါရှိသည်။ ၂နှစ်အရွယ်မလို့ စကားလည်း တီတီတာတာပြောတတ်နေပြီဖြစ်ပြီး ကင်မ်အိမ်တော် နှစ်အိမ်လုံး၏ အသဲကြော်လေးလည်းဖြစ်သည်။

"ဒီသားအဖတွေ ဘာတွေကြာနေကြတာလဲ"

"ဒယ်ဒီ" "ဂျီအွန်းဟျောင်း"

အနားသို့အပြေးလေးလာသည့် ကလေးအား ဂျီအွန်းပွေ့ချီလိုက်သည်။ ထို့နောက် ပါးဖောင်းဖောင်းလေးအား မွှေးကြူလိုက်သည်။

"ဒယ်ဒီ့သားလေးက အရမ်းတွေ ချောနေတာပဲ"

"ဒယ်ဒီ့သားမလို့လေ"

သားလေးအား ချီထားရင်း စကားတွေ ပြောနေသည့် ဂျီအွန်းဟျောင်းကို ကြည့်ကာ ထယ်ရယ်ပြုံးနေမိသည်။ ဂျီအွန်းဟျောင်းက ထယ်ရယ့်အပေါ် အမြဲကောင်းပေးသည်မလို့ ထယ်ရယ်တို့ အိမ်ထောင်သက် ၂နှစ်အတွင်း ဘာပြဿနာမှလည်း မရှိခဲ့။

အဲ့သည့်အပြင် ထယ်ရယ်နှင့် ဂျီအွန်းဟျောင်းကြား နှောင်ကြိုးလေးတစ်ခုကပါ ရစ်ထုံးလာခဲ့သည်။ ရီအွန်း ကင်မ်ရီအွန်းဟုခေါ်သည့် သားလေးပင်။ သားလေးရောက်လာကတည်းက ထယ်ရယ့်အပေါ်ကောင်းသည့် ဂျီအွန်းဟျောင်းက အဆ၁၀၀မက ပိုကောင်းပေးသည်။

အဲ့တာဆို ထယ်ရယ် ဂျီအွန်းဟျောင်းကို ချစ်လား။ အဲ့တာကတော့ ထယ်ရယ့်အတွက် သေချာသည့် အဖြေတစ်ခုရှိပေမဲ့ ထယ်ရယ်ဘယ်တော့မှ ထုတ်ပြောခွင့်ရတော့မည် မထင်ပါ။ နောက်ပြီး ၂နှစ်တောင်ကြာသွားပြီပဲ။ သူလည်း ထယ်ရယ့်ကို နာကျည်းပြီး မုန်းနေလောက်သလို နေရာတစ်ခုမှာ အတည်တကျဖြစ်ပြီး ပျော်နေလောက်ရောပေါ့။

ဟျောင်းက ပြောသည်။ သားလေးက ထယ်ရယ်နှင့် သိပ်တူတာပဲတဲ့။ ဒါပေမဲ့ သားလေးကို မြင်တိုင်း ထယ်ရယ်အတွက်တော့ တစ်စုံတစ်ယောက်ကိုသာ တမ်းတစေသည်။ အဲ့တစ်စုံတစ်ယောက်ကို ထယ်ရယ် ရူးမတတ်ချစ်ခဲ့သလို အပြန်အလှန်လည်း ချစ်ခဲ့ကြသည်။ ဒါပေမဲ့ ထယ်ရယ်မကောင်းလို့ ထယ်ရယ်မကောင်းခဲ့လို့။

ExileWhere stories live. Discover now