"ထယ် ကိုယ်လိုက်ပို့ပေးမယ်"
သား၏ လက်ကို ဆွဲကာ ကျောင်းပို့ဖို့ ဆင်းလာသည့် ထယ်ရယ့်အား ဂျီအွန်းပြောလိုက်ခြင်း။ သားက ဂျီအွန်းနှင့်ရသည့် ကလေးမဟုတ်မှန်း သိပြီးနောက် ထယ်ရယ်ဟာ တောက်လျှောက်ရှောင်နေသလို အိပ်လျှင်လည်း သားအခန်းတွင်သာ အိပ်သည်။
"ပါပါး ရီအွန်း ဒယ်ဒီနဲ့ ကျောင်းသွားချင်တယ်"
"ပါပါးလိုက်ပို့ပေးမယ်လေ သားသားကလည်း"
"ဟင့်အင်း"
"ဦးလေး ပတ် ဒီနေ့ သားကို လိုက်ပို့ပေးပါ"
"သားကို ကျွန်တော်ပဲ ပို့မယ်"
"ထယ်ရယ်"
ဂျီအွန်း လေသံမာသလိုဖြစ်သွားပေမဲ့ သားရှိနေသေးသည့် အသိကြောင့် စိတ်လျော့လိုက်ကာ သားနှင့် မျက်နှာချင်းဆိုင် ထိုင်လိုက်ရင်း
"ရီအွန်း ဒီနေ့ ဦးလေးပတ်နဲ့ သွားလိုက်နော် ညနေ ဒယ်ဒီလာကြိုမယ်"
"ဟုတ် ဒယ်ဒီ"
ဦးလေး ပတ်နဲ့အတူ သားထွက်သွားတာ သေချာမှ ဂျီအွန်းလည်း ထယ်ရယ်နှင့် စကားပြောဖို့ လုပ်ရသည်။ ထယ်ရယ်ကတော့ ဂျီအွန်းကို ဘာမှ မပြောပဲ အပေါ်ကိုသာ ပြန်တက်ဖို့ လုပ်နေတာမလို့ ဂျီအွန်း ထယ်ရယ့်လက်ကို ဆွဲကာ တားလိုက်မိသည်။
"စကားပြောရအောင်"
"ကျွန်တော့်မှာ ပြောစရာ မရှိဘူး"
"ဒီလို ကိုယ့်ကို ရှောင်နေတာက အဖြေမဟုတ်ဘူး ထယ်ရယ်"
"အဲ့တာဆို တစ်သက်လုံး လိမ်ထားတာကကော"
ထယ်ရယ့်စကားတွင် ဂျီအွန်းပြောစရာတွေ ပျောက်ရှသွားရသည်။ သို့ပေမဲ့ သူထယ်ရယ်နှင့် ဒီလို အခြေအနေနှင့် ဆက်မနေနိုင်သည်မလို့ ပြောသင့်တာကိုတော့ ပြောရမည်။
"အဲ့ကလေးက ဂျန်ဟာအိုရဲ့ ကလေးဆိုတာသာ သိရင် မင်းအဖေက ဒီအတိုင်း ထားမယ်လို့ ထင်နေလား ထယ်ရယ်"
ဟျောင်း၏ စကားကြောင့် ထယ်ရယ် ပို၍ အံ့ဩသွားရသည်။ ကလေးက ကိုကိုနဲ့ ရတဲ့ ကလေး။
"ကလေးက ဘယ်သူ့ကလေး.."
"ဂျန်ဟာအိုက ရီအွန်းရဲ့ အဖေအရင်း"

YOU ARE READING
Exile
FanfictionHe taught me how to love but not how to stop ❤️🩹 Kim Jiwoong || Kim Taerae || Zhang Hao