*Sh*t!*
လွှမ်းတစ်ယောက် ကိုစေ့ဆီမှ အကြိမ်းခံလိုက်ရသည့်အခါ တိုးညှင်းစွာပင် ဆဲရေးမိလိုက်လေသည်။ သူတော့ ဟိုခွေးကောင်လေးကြောင့် ရောပြီး စောက်ကျိုးတွေပါ နည်းပေတော့မည်။
*ဘာဖြစ်လို့လဲ ကိုလွှမ်း? *
သူ၏ ဆဲရေးသံကြောင့်ထင်သည် သူ့အား စိုးရိမ်တစ်ကြီးမေးလာသည့် April ကြောင့် အခုမှ သူရောက်နေသည်က အစည်းအဝေးခန်းဆိုတာကို လွှမ်း ပြန် သတိရမိသွားလေတော့သည်။
*အာ... ဘာမှမဟုတ်ဘူး။ ကိုယ့်ရဲ့ schedule ကို ဆက်ပြော *
လွှမ်း ဟိုခွေးကောင်လေးအား ညနေ ကိုစေ့၏ ကွန်ဒိုကိုလာရန် message လှမ်းပို့လိုက်ပြီးတာနှင့် သူ၏ ဖုန်းကို စားပွဲပေါ် ပစ်တင်ကာ ခြေထောက်ချိတ်၊ လက်ပိုက်ထိုင်ရင်း ခုံအနောက်ကို မှီချလိုက်ကာ မျက်လုံးကို အသာမှိတ်ထားလိုက်လေသည်။ ထိုအခါ April ဟာ အလိုက်သိစွာပင် သူ၏ schedule များအား တစ်ခုချင်း ပြောလာလေသည်။
*မနက်ဖြန် မနက် ၁၀ နာရီမှာ မူပိုင်ခွင့် ထပ်ဝယ်ဖို့ တစ်ဖက် company နဲ့ စကားပြောဖို့ ရှိပါတယ်။ ပြီးတော့ နေ့လည် ၁ နာရီမှာ ဇာတ်လမ်း ပြန်ရိုက်မဲ့ ကိုလွှမ်း ဝတ္ထုရဲ့ ဇာတ်ညွှန်းဖတ်ပွဲရှိပါတယ်။ ဒါရိုက်တာ ခေတ်က ကြိမ်းသေတက်ပေးပါလို့ တောင်းဆိုထားပါတယ် *
*မနက်ပိုင်း schedule ကို ဖျက်လိုက်! ငါ ဒီည Condo 2 မှာ ရှိနေမှာ ၊ ပြီးရင် ၁၂ နာရီထဲက အားလုံး ပြင်ဆင်ပြီး ငါ့ဖုန်းကို စောင့်နေပေး*
သူ၏ မျက်လုံးကိုပင် မဖွင့်ပဲ သူဖြစ်ချင်တာကိုပဲ တစ်ခုချင်း ပြောလာသည့် သူ၏ Boss ဖြစ်သူကြောင့် April နှင့် manager ဖြစ်သူ အစ်မတို့ တစ်ယောက်နဲ့ တစ်ယောက် အကြည့်ချင်း ဆုံမိလေသည်။ သို့သော် သူတို့အနေနှင့် complain တက်ချင်တာတောင် Condo 2 မှာ ရှိနေမည်ဟူသည့် သူတို့ Boss ၏ စကားကြောင့် ထပ်ပြီးပင် ပါးစပ်မဟရဲတော့ပေ။
Boss ဟာ နိုင်ငံကျော် လူငယ်စာရေးဆရာတစ်ယောက် ဖြစ်သည့်အပြင် စာတိုက်ပိုင်ရှင်လည်း ဖြစ်သေးသည်မို့ အခြား စာရေးသူတွေလို အယ်ဒီတာ၏ မျက်နှာလည်း ကြည့်စရာမလိုဘဲ သူ့စာများကို သူကိုယ်တိုင် ကြီးကြပ်ကာ စီစဉ်တတ်သူမို့ အသက်ငယ်သော်လည်း သွား၍ လျော့တွက်၍ ရသည့်သူ မဟုတ်ပေ။ အခုထိ စာအုပ် သုံးအုပ်ပဲ ထွက်ထားရပေမယ့် အာရှတိုက်ရှိ နိုင်ငံ အတော်များများအား မူပိုင်ခွင့် ရောင်းထားရပြီး ဖြစ်သလို ဇာတ်လမ်းပြန်ရိုက်ရန် ကမ်းလှမ်းလာမှုများဟာလည်း နေ့စဉ်နှင့်အမျှပင်။