Ch-14

2.1K 195 30
                                    

ခန့်ညားတစ်ယောက် ဆေးရုံအုပ်ရုံးခန်း ဟူသော အခန်း၏ တံခါးရှေ့၌ ခဏရပ်နေကာ တစ်အောင့်ကြာတော့မှသာ ယဉ်ကျေးမှု အရ တံခါး သုံးချက် ခေါက်လိုက်လေသည်။

ဒေါက်! ဒေါက်! ဒေါက် !

*ဝင်ခဲ့ပါ*

တစ်ဆက်တည်းမှာပင် အခန်းတွင်းက လူ၏ ခွင့်ပြုသံကြားရသည့်အခါ ခန့်ညား ရှိရင်းစွဲ ကြင်နာတတ်သည့် မျက်ဝန်းတွေအစား ငြိမ်သက်နေသော ကန်ရေပြင်တစ်ခုလို ဘာခံစားမှုမှ မရှိသော လူတစ်ယောက်ပမာ မျက်နှာအား တပ်ဆင်ရင်း အခန်းတွင်းသို့ ဝင်သွားလိုက်လေသည်။

အခန်းထဲ ဝင်သွားတာနှင့် အလုပ်စားပွဲ၌ ထိုင်နေသည့် suit အပြည့်ဝတ်ထားသည့် ခန့်ညားကာ ဩဇာတိက္ကမနှင့် ပြည့်စုံသည့် လူကြီးတစ်ယောက်ဟာ သူ့အား အလုပ်လုပ်နေရာမှ မော့ကြည့်လာလေသည်။ 

*ရောက်လာရင် အရင် ထိုင်ဦး *

ထို့နောက် သူ့အား ထိုင်ရန်ပြောပြီး တစ်ဖန် laptop ပေါ်သို့ အကြည့်ရောက်သွားပြန်တာမို့ ခန့်ညား မျက်နှာသေနှင့်ပဲ ပြောလိုက်လေသည်။

*ဂျူတီအချိန်ကြီးမှာ ကျွန်တော် အားအားယားယား လာထိုင်နေဖို့ မအားပါဘူး ဆေးရုံအုပ်။ ခေါ်ရတဲ့ အကြောင်းကိုသာ ပြောပါ။ *

သူ စကားကိုပြတ်ပြတ်ပဲ ပြောလိုက်ကာ နီးစပ်ရာ ဆိုဖာ၌ ဝင်ထိုင်လိုက်လေသည်။ ထိုအခါ Laptop ပေါ်၌ ပြေးလွှားနေသည့် လက်ချောင်းများဟာ ရပ်တန့်သွားကာ တစ်ဖက် ဆိုဖာ၌ မျက်နှာသေနှင့် ထိုင်နေသည့် သားဖြစ်သူအား ဦးဟိန်းစေရာမျိုး တစ်ယောက် မျက်လုံးလှန်ကာ အကြည့်တစ်ချက် ပို့လိုက်လေသည်။

ထို့နောက်မှာတော့ သူကပဲ အလျော့ပေးလိုက်ကာ လုပ်လက်စအလုပ်အား လက်စသတ်ကာ အလုပ်ခုံမှ ထလာရတော့သည်။

*အဟမ်း! လိုရင်းကိုပဲ ပြောဆိုတော့လည်း ငါလည်း လိုရင်းကနေပဲ စပြောရတာပေါ့။ မင်းညီရဲ့ ရိုက်ကူးရေးကို ဒီဆေးရုံမှာ setting ချဖို့ ငါခွင့်ပြုလိုက်တယ်*

သူ့အဖေ၏ စကားအဆုံး ကန်ရေပြင်လို တည်ငြိမ်နေသည့် သူ၏ မျက်ဝန်းများဟာ စူးရှသွားလေတော့သည်။

Chilli PepperWhere stories live. Discover now