Ch-15

2.2K 178 20
                                    

*ဘာကြောင့် ကိုယ့်ကို ရှာသလဲ Benjamin?*

ခန့်ညား၏ မေးခွန်းအဆုံး Ben တစ်ယောက် ခုဏကအထိ ဂျစ်ကန်နေသည့် မျက်နှာထားဟာ ချက်ချင်းပင် ပြောင်းသွားကာ ရယ်ကျဲကျဲနှင့် သူ၏ ပတ်တီးစည်းထားသော ခြေကျင်းဝတ်အား ပြလိုက်လေသည်။

*အကတိုက်ရင်း ခြေထောက် ခေါက်သွားလို့ပါ ဒေါက်တာ *

Ben ၏ အပြောကြောင့် မန်နေဂျာဖြစ်သူ Mickey ပင်
အံ့သြတကြီးဖြစ်ရလေသည်။ သူ၏ ဂျစ်တူးမင်းသားလေးက ဒီလို လေသံနဲ့လည်း ပြောတတ်တာပဲ ဆိုတာကို သူ အခုမှပင် သိရလေတော့သည်။

ခန့်ညား သူ့လက်စာကို မရရအောင် တောင်းနေသည့် ကောင်လေးကြောင့် ပါးစောင်အား လျှာဖျားနဲ့ထိုးကာ အသာပြုံးလိုက်ရင်း ...

*ကျန်တဲ့ သူတွေ ခဏ အပြင်ထွက်နေပေးပါ။ ကိုယ် လူနာကို ကြည့်ပေးလိုက်ပါ့မယ် *

သူ၏ စကားအဆုံး အခြားဆရာဝန်များဟာ အခုမှ စိတ်သက်သာရာ ရသွားသလိုမျိုး သက်ပျင်းကို အသာအယာချကာ သူ့အား အရိုအသေပေးကာ ထွက်သွားကြလေတော့သည်။

သို့သော် ဂျစ်တူးကောင်၏ မန်နေဂျာဖြစ်သူနှင့် နောက်လိုက်နှစ်ယောက်လောက်ဟာ အခုထိ ထိုနေရာ၌ပဲ ရှိနေသေးတာမို့ ခန့်ညား ထိုကောင်လေးကို အကြည့်တစ်ချက် ပေးလိုက်လေသည်။

*Mickey ! ဒေါက်တာက အပြင်ထွက်လို့ ပြောနေတယ်လေ*

ချက်ချင်းပင် သု့ကို ပြောသည့် လေသံဟာ ခုဏကနဲ့ မတူဘဲ ဂျစ်တူးနေတာမို့ Mickey မျက်နှာကို ရှုံ့မဲ့ပစ်လိုက်လေသည်။

*Mickey က ဒီမှာ ရှိနေမှရမှာပေါ့ ။ Boss ကိုပြန်ပြီး အစီအရင်ခံရဦးမှာလေ *

ကျစ်!

Ben အခုမှလာပြီး စေ့စပ်သေချာချင်နေသည့် သူ၏ အကောင်းစား မန်နေဂျာကြောင့် စုတ်သပ်မိလိုက်လေသည်။ အခုတောင် ကိုကို့ မျက်လုံးတွေက သူ့ကို သတိပေးနေပြီ၊ မတော်လို့ အခုပဲ ထရိုက်လျှင် သူ အရှက်ကွဲရပေဦးမည်။

*အတော်ရှည်ပါ့လား ။ ဒေါက်တာက ငါ့ family doctor လေ။ လိုလို့ လုပ်ခိုင်းတာပေါ့ ၊ သွား! ငါခေါ်မှ ပြန်ဝင်ခဲ့ !*

Ben ၏ လေသံဟာ အနည်းငယ် ကျယ်လာပြီမို့ Mickey တစ်ယောက် ဆက်ပြီး မနေရဲတော့ပါ။ မတော်လို့ မင်းသားလေး အမျက်တော်ရှလျှင် သူပဲ ခေါင်းမီးတောက်ရမည်မို့ သူ့လက်ထောက် နှစ်ယောက်ကိုပါ ခေါ်ကာ ပေကပ်ကပ်နှင့် ထွက်သွားလေတော့သည်။

Chilli Pepper Where stories live. Discover now