Ben အခုတစ်ပတ်အတွင်းမှာပင် မထင်မှတ်ထားဘဲ နှစ်ရက်ဆက်တိုက်လောက် schedule များ ဖျက်ထားမိသလို ဖြစ်သွားသည့်အခါ သူ၏ Boss ဖြစ်သူဟာ သူ့အား နားပူမတပ် lecture တွေ ရိုက်လေတော့သည်။ သူ့မှာ CEO အခန်းထဲ၌ ပျင်းရိလေးတွဲစွာ ထိုင်ကာ တစ်ဖက်ကနေ candy crush ဆော့ရင်း ဆူပူသမျှကို နားထောင်ပေးရသည်မှာလည်း ခဏခဏပေ။ ပြီးရင် ပြောပြီးသားတွေအတိုင်း သူ လိုက်လုပ်ချင်မှလည်း လုပ်တာကို အချိန်ကုန်ခံ၊ လေကုန်ခံပြီး ပြောနေသေးသည့် သူ့သူဌေးကိုလည်း သူ အံ့ဩမိသည်။
*ဟိုကောင်လေး ပြောတာကြားလား? ဘာပြသာနာမှ ထပ်မရှာနဲ့တော့လို့! *
*အင်း*
ဘာတွေပြောလိုက်လဲတော့ မသိ။ သူကြားလိုက်သည်က နှစ်ရက် မပြောမဆိုဘဲ schedule တွေ ဖျက်ပစ်လိုက်တာမို့ အစားထိုးအနေနဲ့ variety show တစ်ခုမှာ သွားပါပေးရန် ဖြစ်ပေသည်။ ဘာပဲဖြစ်ဖြစ် သူ့လိုလူက ပျင်းစရာ talk show တွေထပ် လှုပ်လှုပ်ရှားရှား ပြိုင်ဆိုင်နေရသည့် show တွေဟာ အနည်းငယ် တော်သေးတာမို့ မငြင်းပဲ လက်ခံလိုက်ခြင်းသာ ဖြစ်ပေသည်။
သို့သော် နောက်တစ်နေ့ ရိုက်ကွင်းအဖွဲ့သားများအား စုပေါင်းကာ ခေါ်သည့် အစည်းအဝေးပွဲကို ရောက်သွားသည့်အခါ အတူရိုက်ကူးမည့် အဖွဲ့ဝင်ထဲ၌ တွေ့လိုက်ရသည့် စောက်မြင်ကပ်စရာ မျက်နှာတစ်ခုကြောင့် သူ့အား သူဌေး အထပ်ထပ်မှာနေရသည့် အကြောင်းကို သူသိသွားလေတော့သည်။
Ben ထိုမျက်နှာကြောင့် အခန်းဝကနေ ဒီအတိုင်းလက်နှစ်ဖက်ပိုက်ကာ ရပ်နေရင်း သူ၏ မန်နေဂျာအား လှည့်ကာ မေးလိုက်လေသည်။
*ဘယ်လိုဖြစ်လို့ အဲ့ စာကလေးကောင်က ဒီမှာ ရှိနေရတာလဲ?
*အယ်? Ben... ကြိုမသိလိုက်ဘူးလား *
Ben သူ့အား မဝံ့မရဲနှင့် မလှိမ့်တစ်ပတ်လုပ်ကာ ပြောလာသည့် မန်နေဂျာဖြစ်သူကြောင့် တစ်ချက် မကြည်ကြည့် ကြည့်ပေးလိုက်လေသည်။
*သူနဲ့ ငါ့အကြောင်း ကြိုသိနေတာ ဘာလို့ ကြိုအသိမပေးတာလဲ? ငါ ပြသာနာရှာမှာကို လိုချင်နေတာလား?*
သူ့စကားကြောင့် မန်နေဂျာဖြစ်သူမှာ အထိတ်ထိတ်အလန့်လန့် ဖြစ်သွားကာ သူ့အား တောင်းပန်တိုးလျှိုးသည့် အသံလေးနှင့် ပြောလာလေသည်။