လွှမ်း ကိုစေ၏ စကားအတိုင်း ထိုနေရာ၌ တစ်လက်မတောင် မရွေ့ဘဲ ဒူးထောက်နေသည်မှာ မည်မျှလောက်ကြာသွားပြီလဲ ဆိုတာ သူကိုယ်တိုင်လည်း မသိတော့ပေ။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းထားရသည့် ခြေထောက်များဟာ ထုံလွန်းလို့ နာကျင်မှုအား မခံစားရသည်အထိ ဖြစ်လာသော်လည်း ကိုစေ့ အား သူ ယုံကြည်တာမို့ ကိုစေ မလာမခြင်း ထိုအတိုင်းသာ အားတင်းရင်း သူ့ကိုယ်သူ ပြန်၍ ဆန်းစစ်နေလိုက်လေသည်။
အခုဆိုလျှင် သူ၏ အပြစ်ဟာ casino သွားတာ၊ Ben ရဲ့ ကိစ္စကို ဖုံးပေးတာအပြင် ၊ ကိုစေ မကြိုက်ဆုံး သူ၏ လုပ်ငန်းခွင်အထိ ဝင်နှောင့်ယှက်သည့် အပြစ်ကပါ တိုးလာသည့် အခါ သူရင်ဆိုင်ရမည့် ကိုစေ၏ အပြစ်ပေးခြင်းအား သူ တွေးလေ တုန်လှုပ်မိလာလေဖြစ်လေသည်။
သူဟာ M တစ်ယောက် ဖြစ်သည်ဆိုလျှင် ကိုစေဟာ S ကိုမှ S တိုင်းကိုက Professor တလေးတစား ခေါ်ဝေါ်ခြင်း ခံရသည့် Sadist တစ်ယောက်ဖြစ်ပေသည်။ အမြဲ လူနာတွေအတွက် အကြင်နာဆုံးနဲ့ လုပ်ဖော်ကိုင်ဖက်တိုင်း ချစ်ခင်ရိုသေရသည့် လူကြီးလူကောင်းဆန်လှသည့် ကိုစေ့၏ အခြား တစ်ဖက်ခြမ်းဟာ လက်တွေ့ ခံစားဖူးသည့် သူမှသာ နားလည်နိုင်ပေလိမ့်မည် ဖြစ်ပေသည်။
ကိုစေသာ စိတ်ဆုံးဖြတ်လိုက်လျှင် သူတို့လို M များကိုပင် safe word သုံးလောက်သည့်အထိ လုပ်နိုင်စွမ်းရှိသူ ဖြစ်လေသည်။
သို့နှင့်ပဲ သူ၏ အတွေးများဟာ တစ်လှမ်းချင်း လှမ်းလာနေသည့် ခြေသံကြောင့် လက်တွေ့ဆီသို့ ပြန်ရောက်လာရလေသည်။ ခေြသံ တစ်လှမ်းချင်းဆီကပင် ယုံကြည်မှုအပြည့်နှင့် smart ကျလွန်းလှသည်မို့ ထိုခြေသံပိုင်ရှင်ဟာ မည်သူလဲဆိုတာ လွှမ်း သိနေပြီးသားဖြစ်ပေသည်။
ထို့ကြောင့် သူ၏ စိတ်ကိုအတတ်နိုင်ဆုံး ပြင်ဆင်ကာ တံခါးဖွင့်ကာ ဝင်လာသူအား မျှော်လင့်ချက်အပြည့်နှင့် လှမ်းကြည့်လိုက်သောအခါ တွေ့လိုက်ရသည့် အရှင်သခင် ဖြစ်သူကြောင့် လွှမ်း၏ ရင်ထဲ၌ လွန်စွာမှ လှိုက်ဖိုမိလေသည်။
ကိုစေဟာ duty coat အစား ပုံမှန် Shirt လက်ရှည် နက်ပြာရောင်အား လက်ေခါက်တင်ကာ style pant အဖြူရောင်နှင့် တွဲဖက်ရင်း ဝတ်ဆင်ထားသည်မှာ လွန်စွာမှ ကြည့်ကောင်းလှပေသည်။ သူ့အား အပြစ်စီရင်ရန် လာသည့် အရှင်သခင်ဟာ သူ့အား ဤနည်းဖြင့်လည်း အထပ်ထပ်အခါခါ ပြုစားလေသည်။ သူကပဲ အရှင်သခင် ဖြစ်သူနှင့် ပက်သတ်လျှင် လွန်စွာမှ ယစ်မူးလွန်းသည်လား ။